ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ သေဆုံး

ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီဟာ ၃၁ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါပြီ။ ဘော်ဘီရဲ့သခင်တွေဟာ ပေါ်တူဂီနိုင်ငံအလယ်ပိုင်းက ရွာငယ်လေးမှာ နေထိုင်ကြတာပါ။ ဘော်ဘီဟာ ပေါ်တူဂီခြံစောင့်ခွေး မျိုးစိတ်ဖြစ်တဲ့ ရာဖဲရိုခွေးတစ်ကောင် ဖြစ်ပါတယ်။

ရာဖဲရိုခွေးတွေဟာ သက်တမ်း ၁၂ နှစ်ကနေ ၁၄ နှစ်ကြားပဲ ရှင်သန်နိုင်လေ့ရှိပေမဲ့ ဘော်ဘီကတော့ ၃၁ နှစ်အထိ အသက်ရှည် ခဲ့တာပါ။ ဘော်ဘီကို ၁၉၉၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ထင်းဂိုဒေါင်ထဲမှာ မွေးချင်း ၂ကောင်နဲ့အတူ သားပေါက်ခဲ့တာပါ။ သူ့သခင်တွေက ခွေးသားပေါက်တွေကို ထပ်မကျွေးနိုင်တော့ဘူး၊ မမွေးတော့ဘူးဆိုပြီး မိခင် ခွေးမကြီးမရှိတုန်း ခွေးလေး ၂ ကောင်ကို အခြားသူတွေဆီ ပေးပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘော်ဘီ ကျန်နေခဲ့တာကို သူတို့ နောက်မှ သတိထားမိခဲ့တာပါ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတော့ ဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ရှိ တဲ့ ခွေးချစ်သူတွေက ဘော်ဘီ့ဆီ အလည်လာခဲ့ကြပါသေးတယ်။ သူဟာ အသက် ၃၁ နှစ်၊ ၁၆၅ ရက်မှာ သေဆုံးသွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းကို မန်စီးတီးက အံ့အား သင့်ဖွယ် ဆုံးဖြတ်ချက်မျိုးနဲ့ လက်လွတ်တော့မှာလား
Next post မကွေး မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ယနေ့စတင်