အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းကို မန်စီးတီးက အံ့အား သင့်ဖွယ် ဆုံးဖြတ်ချက်မျိုးနဲ့ လက်လွတ်တော့မှာလား

အောက်တိုဘာလ ၂၄ ရက်

မန်စီးတီးအသင်းဟာ ကွင်းလယ် ဖန်တီးရှင် ကီဗင်ဒီဘရိုင်းအား စာချုပ်သစ်မကမ်းလှမ်းဘဲ အသင်းမှ ထွက်ခွာခွင့် ပေးလာနိုင်ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

မန်စီးတီးရဲ့ အဓိက ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ ယခုရာသီမှာ ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး လာမယ့် နှစ်သစ်ကူးကာလအထိ ကစားနိုင်ဦးမဲ့ အခြေအနေမှာ ရှိမနေပါဘူး။

မန်စီးတီးဟာ ဝုဗ်၊ အာဆင်နယ်တို့အား နှစ်ပွဲဆက်အရှုံးနှင့် ရင်ဆိုင်ခဲ့ရပေမဲ့လည်း ကီဗင်ဒီဘရိုင်း ပါဝင် မကစားနိုင်မှုကို ကိုင်တွယ်ဖြေရှင်းထားနိုင်ပါတယ်။

သမိုင်းဝင် ဖလား ၃ လုံး ချန်ပီယံ စီးတီး ဟာ စနေနေ့တုန်းက ဘရိုက်တန်ကို အယ်ဗာရက်ဇ်၊ ဟာလန်းတို့ရဲ့ ဂိုးများဖြင့် ၂-၁ ဖြင့် အနိုင်ယူကာ အနိုင်လမ်းကြောင်းပေါ်သို့ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

Football Insider သတင်း ရဲ့ ဖော်ပြလာမှုအရ မန်စီးတီးဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ကီဗင်ဒီဘရိုင်းမှာ ဒဏ်ရာပြဿနာများ ပိုမိုကြုံတွေ့လာရမှုကြောင့် စာချုပ်သစ်ချုပ်ဆိုခြင်း မပြုဘဲ အသင်းမှ စောစောစီးစီး ထွက်ခွာခွင့် ပြုလာနိုင်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆင်မကြီးမိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲကျင်းပမည်
Next post ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ သေဆုံး