“မော်ရိုကို ငလျှင်လှုပ်ခတ်မှု လူပေါင်း ၃၀၀ နီးပါးသေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရ”

မော်ရိုကိုနိုင်ငံ၊ High Atlas တောင်တန်းဒေသ၌ အင်အား ၇ ဒဿမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုခဲ့ကြောင့် အနည်းဆုံး လူ ၂၉၆ ဦးသေဆုံးကာ ၁၅၃ ဦးဒဏ်ရာရသည်ဟု မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်ချိန်သည် စက္ကန့် ၂၀ ဝန်းကျင်မျှသာ ကြာခဲ့ပြီး ငလျင်ဗဟိုချက်နှင့် အနီးဆုံးတွင်ရှိသော မာရာကက်ရှ်မြို့ခံများက ယူနက်စကို ရိုးရာအမွေအနှစ်နေရာဖြစ်သော မြို့ဟောင်းရှိ အဆောက်အအုံအချို့ ပြိုကျသွားသည်ဟု ပြောကြားထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူများ တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းခဲ့ပြီး ‌ငလျင်သည် အယ်လ်ဟု၊ ကွာဇာဇာတေး၊မာရာကက်ရှ်၊ အဇီလာ၊ ချီချူအာ၊ တာရူဒန့် ပြည်နယ်တို့ကို ထိခိုက်စေခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမြန်လမ်းတွင် ရွှေမန်းသူအဝေးပြေးယာဥ်တိမ်းမှောက်မှု ဖြစ်ပွား
Next post လူပြည့်နေတဲ့ ကားပေါ် အတင်းတွယ်တက်ရာက လူငယ်နှစ်ဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးခဲ့