အမြန်လမ်းတွင် ရွှေမန်းသူအဝေးပြေးယာဥ်တိမ်းမှောက်မှု ဖြစ်ပွား

ယနေ့နေ့လယ် (၂)နာရီခန့် တွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၉၂ မိုင်အနီးတွင် ရွှေမန်းသူအဝေးပြေးယာဥ်တိမ်းမှောက်မှုကြောင့် ခရီးသည်အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား(ခရမ်းရောင်) EXPRESS ခရီးသည်တင်ယာဉ်မှာ အခင်းဖြစ်နေရာအရောက် ယာဉ်မောင်းအိပ်ငိုက်၍ ယာဘက်မြေသားလမ်းပေါ်သို့ရောက်ကာ အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း‌ ပေါ်သို့ရောက်ရှိကာ ရေနုတ်မြောင်းပေါ်တွင် အလျားလိုက် လဲကျ တိမ်းမှောက် ရပ်တန့်သွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောသည်။

ထို ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်‌ပေါ်တွင်လိုက်ပါလာသည့် ယာဥ်‌မောင်းအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း၂၃ ဦးအနက် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာတွင်‌သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ တို့မှာ ထိခိုက်ဒဏ်ရာအသီးသီးရရှိသဖြင့် မြို့‌ချောင်းတိုက် နယ်ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

“ခရီးသည်အများစုက ဒဏ်ရာမပြင်းထန်ပေမဲ့ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ဒဏ်ရာရလို့ ထိခိုက်မှုပြင်းထန်တာကြောင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံကြီးဆီကို ပရဟိတအသင်းတွေက ကူညီပို့ဆောင်ခဲ့ပါတယ်” ဟု ယာဥ်တိမ်းမှောက်မှုကို ပါဝင်ကူညီခဲ့သူတစ်ဦးကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့
Next post “မော်ရိုကို ငလျှင်လှုပ်ခတ်မှု လူပေါင်း ၃၀၀ နီးပါးသေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရ”