လူပြည့်နေတဲ့ ကားပေါ် အတင်းတွယ်တက်ရာက လူငယ်နှစ်ဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးခဲ့

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အနော်မာထိပ်မှတ်တိုင်အနီးမှာ YBS ယာဉ်ပေါ်က ခရီးသည်နှစ်ဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးသွားတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

မနက်ခင်း အလုပ်သွားချိန်မို့ ဘတ်စ်ကားတွေမှာ ခရီးသည်ပြည့်ကျပ်နေပြီး ခရီးသည်က တိုးဝှေ့တက်ချိန်နဲ့ ယာဉ်အထွက် တိုက်ဆိုင်ပြီး ပြုတ်ကျခဲ့တာလို့ ဖြစ်စဉ်ကို အဆိုပါလူမှုကူညီရေးအသင်းက ရှင်းပြပါတယ်။

“YBS ၇၆ ယာဉ်လိုင်းမှာဖြစ်တာပါ။ ပြုတ်ကျပြီး တစ်ယောက်က နောက်ဘီးနဲ့ကြိတ်မိတယ်။ သူကတော့သေသွားတယ်။ အသက် ၂၀ ကျော်အရွယ်ပဲ။ နောက်တစ်ယောက်ကတော့ သိပ်မထိခိုက်ဘူး။ နဖူးလေးပဲ နည်းနည်းကွဲသွားတယ်။ အလုပ်သွားချိန်ဆိုတော့ ကားတွေကကျပ်၊ အချိန်မှီဖို့ အပြေးအလွှားသွားရတော့ ရသလောက်တွယ်တက်ကြရာက ဖြစ်တာ“ လို့ အသင်းတာဝန်ရှိသူက ပြောပါတယ် ။

ဒဏ်ရာရှိသူကို မြေပြင်ကုသမှုပေးကာ အမတ္တဂဝေသီလူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပြီး၊ အသက်(၂၀)ကျော်အရွယ် ဦးခေါင်းကားကြိတ်မိပြီးသေဆုံးခဲ့တဲ့ ရုပ်အလောင်းကိုတော့ မနောဖြူလူမှုကူညီရေးအသင်း နာရေးယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “မော်ရိုကို ငလျှင်လှုပ်ခတ်မှု လူပေါင်း ၃၀၀ နီးပါးသေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရ”
Next post ဒုတိယအကြိမ် စတုဒီသာ အလှူကျွေးမွေးခဲ့သော ရတနာ PK Htun မိသားစု