ဒုတိယအကြိမ် စတုဒီသာ အလှူကျွေးမွေးခဲ့သော ရတနာ PK Htun မိသားစု

” ရတနာ PK Htun မိသားစု ” ရဲ့ ဒုတိယအကြိမ်မြောက် နေ့လည်စာ ထမင်းဟင်း စတုဒီသာ အလှူကြီးကို ယနေ့ မနက် (၉) နာရီက မန္တလေးမြို့ ၊ (၆၆) လမ်း နဲ့ (၁၀၉) လမ်းထောင့်ရှိ သရုပ်ဆောင် ပိုးကြာဖြူခင် မိသားစုပိုင် ရတနာ PK Htun ဆိုင်ရှေ့မှာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ အဆိုပါ စတုဒိီသာ အလှူကြီးမှာ ဝက်သား အချိန် (၁၀၀) ၊ ကြက်သားအချိန် (၅၀) နဲ့အတူ အရံဟင်းများစွာကို လူ ထောင်ချီစာ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

စတုဒီသာအလှူကြီးနဲ့အတူ ယနေ့မှာ လာရောက်ဝယ်ယူကြတဲ့ ရတနာချစ်သူများအတွက် စိန်ထည် ကျောက်ထည်ထဲက ရတနာထည်များကို 7% discount ချ ရောင်း ပေးခဲ့တဲ့အပြင် အလဲ 0% အရောင်း 8% နဲ့ ရောင်းချပေးခဲ့ပါတယ်။

DBN ပရိသတ်ကြီးတို့ သရုပ်‌ဆောင် ပိုးကြာဖြူခင်က စတုဒီယာအလှူလည်း ဖြစ်မြောက်ပို့ ဝိုင်းဝန်းကူညီခဲ့သူများကို အခုလို ကျေးဇူးတင်စကား သူ၏ လူမှုကွန်ယက်မှာ ရေးသားဖော်ပြခဲ့ပါသည်။ “အလှူလေးဖြစ်မြောက်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့ မိုးထိအောင်စည်ကျောက်မြတ်ကုမ္မဏီမှ အမ ဒေါ်ခင်ထွေးနဲ့ အမ ဒေါ်မိုးထွေး နှင့်တကွ မဏိစလ ပရဟိတ အဖွဲ့သူအဖွဲ့သား များ အားလုံးကို ကျေးဇူး အများ ကြီးတင်ပါတယ်ရှင် 💗 အခုလိုပဲ လစဉ် လှူနိုင်အောင် ကြိုးစားပါ့မယ်ရှင် အခုလို လှူဒါန်းနိုင်ခြင်းဟာလဲ ဆိုင်စဖွင့်ကတည်းက နေ ခုချိန်ထိ ချစ်ခြင်းမေတ္တာ အပြည့် နဲ့ ဝယ်ယူအားပေးခဲ့ကြတဲ့ ကျမတို့ ဆိုင်ရဲ့ ရတနာ ချစ်သူများရဲ့ ကျေးဇူးကြောင့်ပါရှင် 🙏 ထမင်းရှင် ချစ် customer များ နဲ့တကွ ရတနာ PK Htun ပရိတ်သတ်များအားလုံး စည်းပွါးလာဘ်လာဘတွေ တိုးပွါးပြီး ကျန်းမာ ချမ်းသာ ကြပါစေရှင် 🥰” ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လူပြည့်နေတဲ့ ကားပေါ် အတင်းတွယ်တက်ရာက လူငယ်နှစ်ဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးခဲ့
Next post အဆိုတော်တွေနဲ့သာရိုက်ကူးသွားမယ့် တေးတစ္ဆေ ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲကျင်းပ