စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊မလေးရှား ကယ်ဆယ်ရေးအဖွဲ့တို့ကို နစကဥက္ကဋ္ဌ သွားရောက် အားပေး

ဧပြီ ၆ ရက်နံနက်ပိုင်း စစ်ကိုင်းမြို့သို့ ရောက်ရှိ နေသော နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် “မြတ်”ကိုယ်ပိုင်အထက်တန်းကျောင်း၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှု၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ စာသင် ဆောင်များပျက်စီးနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ထိခိုက်ပျက်စီးခဲ့မှုများအား စနစ်တကျစိစစ်၍ ပြန်လည်ပြုပြင်နိုင် သည်များကို အဆင့်လိုက်ပြုပြင်ရန်၊ ပြုပြင်၍မရသည့် အန္တရာယ်ရှိကျောင်း ဆောင်များကို စနစ်တ ကျဖြိုချရန်နှင့် ဆယ်တင်၍ရနိုင်သည့်ပစ္စည်းများကို စနစ်တကျပြန်လည်ဆယ်တင်အသုံးပြုရန်၊ ပြန်လည်ပြုပြင်၍ရနိုင်သေးသည့် ကျောင်းဆောင်များအား ကျောင်းဖွင့်ချိန်မတိုင်မီ စနစ်တကျပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ခိုင်ခံ့မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအား ဆေးဝါးကုသပေးနေမှု၊ အဆောက်အဦအတွင်း (၆)ရက်ကြာပိတ်မိခဲ့ပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သော ကျောင်းဆရာတစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရရှိခဲ့သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

နစက ဥက္ကဋ္ဌသည် မင်းလမ်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ မိုးဇာရေပေးဝေရေးစက်ရုံထိခိုက်ပျက်စီးခဲ့မှု၊ ပင်မလမ်းအူကြောင်းရွှေ့လျား ပြောင်းလဲခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရမှုများ၊ စကုမှော်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး စစ်ကိုင်းမြို့မှ လုပ်အားပေးလာရောက်သည့် စေတနာ့ဝန်ထမ်းများကို နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် စကုမှော်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ စစ်ကိုင်းတံတား(အင်းဝ)ရထားလမ်းကူးတံ တားပြိုကျပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့အတူ နစကဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ ပါရမီရပ် ကွက်ရှိ နှစ်(၇၀၀) ပြည့်အားကစားကွင်း၌အခြေ ပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားကာ တစ်ဦးချင်းနှုတ်ဆက်ပြီး အမှတ်တရလက် ဆောင်ပစ္စည်းနှင့်သစ်သီးခြင်းကို ပေးအပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ငလျင်ကယ်ဆယ်ရေးအလှူတွင် ဆန်နှစ်အိတ်ထမ်းကာ စွမ်းအားပြသူအဖြစ် ပရိသတ်အားကျခံရတယ့် ထူးအောင်