
(၇-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၇-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မန္တလေးမြို၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတိုမှ ကူညီကယ်ဆယ်ရေးအဖွဲများအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးအားပေးစကားပြောကြား
၂။ နိုင်ငံတကာ ဆေးခန်းများတွင် အသေးစားခွဲစိတ်ခန်းများပါဝင်၍ တိုက်ရိုက်လာရောက်ပြသနိုင်
၃။ Sky Villa အဆောက်အဦ ပြိုကျပျက်စီးမှုမှ ကလေး (၂) ဦးအပါအဝင် ရုပ်အလောင်း (၃) ခုထပ်မံတွေ့ရှိ
၄။ သီရိလင်္ကာနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တပ်မတော်ဆေးတပ်ဖွဲဝင် ၂၆ ဦးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိ
၅။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် နောက် (၄၈) နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်
၆။ MNDAA ဆုတ်ခွာဖို ပြင်နေတဲ့လားရှိးမှာ လုံခြုံရေးယိုယွင်းပြီး ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုတွေ အဖြစ်များလား
၇။ မြန်မာနိုင်ငံအတွင်းသို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၅)ဦး ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့
၈။ ဧပြီလ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၃၀၀၀ ကျပ်၊ Octane 95 – ၃၀၅၀ ကျပ်၊ Diesel – ၂၅၈၀ ကျပ်၊ Premium Diesel – ၃၁၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ မြိုကြီးများတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွား
၂။ ဆိုလာဘက္ထရီများဝယ်နိုင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံထောက်ပံ့မည်–သြစတြေးလျဝန်ကြီးချုပ်
၃။ တောင်ကိုရီးယား တောမီးကယ်ဆယ်ရေးတွင် ဝင်ကူညီခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး နှစ်ရှည်နေထိုင်ခွင့်ဗီဇာများ ရရှိပစ္စည်းများထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ကြေညာ
၄။ သီရိလင်္ကာ၌စွမ်းအင်ဗဟိုဌာနထူထောင်ရန် အိန္ဒိယနှင့်ယူအေအီး သဘောတူ
၅။ တရုတ်နိုင်ငံက အမေရိကန် ကုန်ပစ္စည်းအားလုံးအပေါ် ထပ်ဆောင်းအခွန် ၃၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်
၆။ ယွန်ဆက်ယိုအား သမ္မတရာထူးမှ ဖယ်ရှားပြီးနောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပနိုင်
အားကစားသတင်းများ
၁။မန်ယူအသင်း ပြန်လည်အောင်မြင်မှုများ ရရှိသည့်အချိန်ထိ အသင်းတွင် ဆက်ရှိနေရန် မသေချာကြောင်း အသင်းနည်းပြ အာမိုရင် ဝန်ခံ
၂။ အာဖဂန်နစ္စတန်အသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာလက်ရွေးစင်အသင်း ကမ္ဘာ့အဆင့် ( ၇ ) ဆင့် မြင့်တက်လာ
၃။ ရိုက်ဖီးလစ် က ဆန်ချို ကို အပြီးသတ်ခေါ်ယူရန် ချဲလ်ဆီးအသင်းကို တိုက်တွန်း
၄။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ ( ၂၂ ) အသင်း၏အသင်းခေါင်းဆောင် အာကာကျော်ဟာ ရန်ကုန်ယူနိုက်တက်အသင်းသို ပြောင်းရွေ့ရန် နီးစပ်နေ
၅။ ပျော်ဘွယ်မြို ၊ မြိုကန်ဦး ကျောင်းတိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် မြန်မာ့ ဘောလုံး မိသားစုက ကျပ် သိန်း(၁၀၀) သွားရောက် ကူညီလှုဒါန်း
အနုပညာသတင်းများ
၁။ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ၁၈ မိုင်တောရ ဘုန်းဘုန်းကြီးဆီ ငွေကျပ် သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မိုးယုစံတိုဇနီးမောင်နှံ
၂။ လူအများကိုအခုလိုကယ်တင်ပေးခဲ့တဲ့ နန်းဒေဝီ အရင်ကထက်ပိုမိုချစ်ခင်အားပေးမှုတွေရရှိလာနေ
၃။ ပျဉ်းမနား၊နေပြည်တော်၊အင်းလေး ဘက် မှ ဆေးရုံ နှင့် ပျက်စီးသွားသော အိမ်ခြေများ အတွက် စုစုပေါင်း သိန်းပေါင်း (၂၅၀၀၀) ကို လိုအပ်သော နေရာများသို ဆက်လက် လှူဒါန်းသွားမယ်လို ခိုင်နှင်းဝေ ပြော