တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ၊ ဝိပ္ပံတွဲနဲ့ ဝိဇ္ဇာတွဲ နောက်ဆုံးနေ့ကို ဆက်လက်ဖြေဆိုသူ များပြား

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့မှာ သိပ္ပံ၊ ဝိပ္ပံနဲ့ ဝိဇ္ဇာဘာသာတွဲ (၂) နောက်ဆုံးနေ့အဖြစ် ဆက်လက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ များပြားခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ဖြေဆိုခဲ့ပြီး ဒီနေ့မှာ သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာကိုလည်းကောင်း၊ ဝိပ္ပံနဲ့ ဝိဇ္ဇာဘာသာအတွဲ(၂) နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာကိုလည်းကောင်း ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှာ မြန်မာစာ၊ မတ်လ ၁၈ ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ ၁၉ ရက်မှာ သင်္ချာ၊ မတ်လ ၂၀ ရက်မှာ ဓာတုဗေဒနဲ့ ပထဝီ၊ မတ်လ ၂၁ ရက်မှာ ရူပဗေဒနဲ့ သမိုင်း၊ မတ်လ ၂၂ ရက်မှာ ဇီဝဗေဒနဲ့ဘောဂဗေဒ ဘာသာရပ်တိုကို ပိတ်ရက်မရှိဆက်တိုက်ဖြေဆိုခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဥ်မှာ မြန်မာက ကာဂျစ္စတန် ကို ၅-၀ ဂိုးဖြင့် အနိုင်ရ
Next post ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်တွင် နှစ်စဥ်ကြုံတွေ့လေ့ရှိသည့် တောမီးလောင်ကျွမ်းနေ