သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

ဇန်နဝါရီ ၄ရက်မှာ ကျရောက်‌‌တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့တဲ့ အကျဉ်း သား၊ အကျဉ်းသူ ၅၈၆၄ ဦးတွင် အီလက်ထရောနစ် ဉပဒေ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့လည်း ပါဝင်လာတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

ဒီကနေ့မှာတော့ အကျဉ်း သား၊ အကျဉ်းသူ ၅၈၆၄ ဦး နဲ့ အတူ ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကိုလည်း ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲပေးပြီး လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး
Next post (၄-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်