(၄-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

ပြည်တွင်းသတင်းများ

၁။ မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို တိုးမြှင့်တင်ပိုရာတွင် အထောက်အကူပြုစေမည့် စုစုပေါင်းဒေါ်လာ (၆၁) သန်းတန် MoU များ လက်မှတ်ရေးထိုး

၂။ ၂၀၂၅ ခုနှစ်အစတွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ သန်းခွဲခန့် ထုတ်ရောင်း

၃။ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားအား တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်

၄။ ဟုမ္မလင်းမြို အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

၅။ စက်သုံးဆီတွေကို စစ်ဆေးရေးဂိတ်အနီးမှာတင် တရားမဝင်သိုလှောင်ရောင်းဝယ်နေသူ ၁၇ ဦးကို စက်သုံးဆီမျိုးစုံ ဂါလန် ခြောက်သောင်းကျော်နဲ့အတူ ဖမ်းမိဟုဆို

၆။ NUG ဩဇာခံ ဒီးမော့ဆို PDF တွေထဲက ခြေပြတ်လက်ပြတ် အင်္ဂါမစုံတော့သူ ၃၈ ဦးအတွက် ကျပ်တစ်သိန်းခွဲခန့်သာ ထောက်ပံ့

၇။ မြေပုံမြိုနယ် ကမ်းထောင်းကြီးမြိုရှိ အကြမ်းဖက် AA နဲ့ အပေါင်းအပါများ ခြေကုပ်ယူထားတဲ့ အဆောက်အအုံ များကို တပ်မတော်မှ ဗုံးကြဲ

၈။ ဇန်နဝါရီလ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၈၅ ကျပ်၊ Octane 95 – ၃၀၉၅ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၂၅ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကိုဗစ်ရောဂါစတင်ဖြစ်ပွားမှုအပြီး ငါးနှစ်အကြာတွင် တရုတ်နိုင်ငံ၌ ဗိုင်းရပ်ပိုးအသစ်များ ပျံ့နှံမှုကို‌ ထပ်မံကြုံတွေ့နေရ

၂။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း လေယာဉ်ငယ်တစ်စီးပျက်ကျမှုကြောင့် လူနှစ်ဦးသေဆုံး၍ ၁၈ ဦးဒဏ်ရာရ

၃။ ဆီးရီးယားစစ်ပွဲအတွင်း လူဦးရေ ၅၂၈,၅၀၀ ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲပြော

၄။ အစ္စရေးကို ရော့ကက်နဲ့ပစ်နေတာ မရပ်ရင် ဂါဇာကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို အစ္စရေးပြော

၅။ သမ္မတယွန်ကို လာရောက်ဖမ်းဆီးတဲ့ အာဏာပိုင်တွေ သမ္မတရုံးလုံခြုံရေးအဖွဲတားဆီးမှုကြောင့် နောက်ကြောင်း ပြန်လည့်သွား

၆။ (၂၀၂၅) ခုနှစ်အတွက် ပထမဆုံးတိုက်ခိုက်ရေးကင်းလှည့်မှုကို တရုတ်စစ်တပ်လုပ်ဆောင်ခဲ့တယ်လို ထိုင်ဝမ်စစ်ဘက်ပြော

အားကစားသတင်းများ

၁။ အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ် Week -1 အပြီး အဆင့်ရပ်တည်မှုများ MFF ထုတ်ပြန်

၂။ တပ်ကုန်းမြို၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗလာ၊ အလိုက်နှင့် နွားဒုန်းပြိုင်ပွဲများ ကျင်းပ

၃။ ကျွန်းစုမြိုတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ခရိုအပြေးပြိုင်ပွဲတွင် အသက်ငယ်ဆုံးကစားသမားအဖြစ် (၁၀)နှစ်အရွယ် ကလေးငယ် ပန်းဝင်

၄။ အာဆီယံဖလား ပထမအကျော့ ဗိုလ်လုပွဲ သွင်းဂိုး (၂)ဂိုးဖြင့် အနိုင်ရလဒ် ထွက်ပေါ်ခဲ့သည့် ဗီယက်နမ်အသင်း

၅။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်က အသင်းမှာရှိနေတဲ့အချိန်အတွင်း ဖလားရရှိမှုနည်းတဲ့ အပေါ် စိတ်ပျက်မိတယ်လို ပြောကြားခဲ့

အနုပညာသတင်းများ

၁။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်လောကသားတွေကိုလှူဒါန်းဖို ငွေကျပ် သိန်း ၅၀ ပါဝင်ကုသိုလ်ပြုခဲ့တဲ့ အိချောပို

၂။ ပရဟိတ နယ်လှည့်ဆေးကုဆရာမ မြတ်သစ္စာရဲ့ မွေးနေ့မင်္ဂလာပွဲကို အနုပညာရှင်များစွာ တက်ရောက်ချီးမြှင့်ခဲ့

၃။ ရည်းစားတောင် အနမ်းမခံရသေးဘဲ ပရိသတ်တွေက အရင်ဦးဆုံး First Kiss ပေးခံလိုက်ရတယ်ဆိုတဲ့ ပိုပိုမြင့်အောင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်
Next post (၄-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ