ရခိုင်ပြည်နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

လွန်ဆွဲပွဲတွင် အမျိုးသားအသင်း(၁၀)သင်း၊ အမျိုးသမီးအသင်း(၈)သင်း ဝင်းရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား လွန်ဆွဲပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းနှင့် အမျိုးသမီး လွန်ဆွဲပွဲတွင် အားကစားနှင့် ကာယ ပညာဦးစီးဌာနအသင်းတို့က အနိုင်ရရှိခဲ့သည်။ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

(၇၇)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တို့တွင် စစ်တွေမြို့၊ ဓညဝတီအားကွင်း၌ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုပွဲများ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပွဲများ၊ ဓညဝတီ အားကစားခန်းမတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ် အားကစားကွင်းတို့တွင် ဖူဆယ်ဘော လုံးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်