ရန်ကုန်မှာ ဒီညပြုလုပ်မယ့် နှစ်သစ်ကူးပွဲ အပြန်ခရီးအတွက် YBS ယာဉ်လိုင်း ၇ လိုင်းပြေးဆွဲ‌ပေးမယ်

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ဒီကနေ့ပြုလုပ်မယ့် Yangon 2025 Countdown Festival နှစ်သစ်ကူးပွဲတော်သို့ လာရောက်ဆင်နွဲကြမယ့် ပြည်သူတွေ အပြန်ခရီးအဆင်ပြေစေဖို့အတွက် YBS ယာဉ်လိုင်း ၇ လိုင်းပြေးဆွဲ‌ပေးသွားမယ်လို့ သိရပါတယ်။

ပြေးဆွဲပေးမယ့်ယာဉ်လိုင်းတွေက YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နဲ့ YBS (8) တို့ ဖြစ်ကြပြီး ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီကနေ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ယခုပြုလုပ်မယ့် 2025 Yangon New Year Countdown ပွဲတော်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ ဖြစ်ပြီး အဲဒီပွဲတော်ကို ပြည်သူအများ လာရောက်လည်ပတ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကိုလည်း တစ်ညတာဆိုင်းငံ့ ပေးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၊ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ(၃၂၁၉၁၄၀၇)ဦး ကောက်ယူရရှိ
Next post (၁-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်