(၁-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် ၂၀၂၄ခုနှစ်တွင် မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ (၅၁ ဒဿမ ၃) သန်းကျော်ရှိကြောင်း ထုတ်ပြန်

၂။ ယနေ့ဖွင့်မဲ့ ထီဖွင့်ပွဲအတွက် ထီစာအုပ် ၆ သိန်းခွဲကျော် ရောင်းချခဲ့ရပြီး ငွေကျပ်သန်းပေါင်း ၆၅၀၀ ကျော် ရရှိခဲ့

၃။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဥ်အတွင်း အသတ်ခံခဲ့ရသည့် ဝန်ထမ်း (၁) ဦးကို “ရဲဗလ” ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခဲ့

၄။ မန္တလေးမြိုက “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နဲ့ “ဆင်ဖြူတော်” ငွေလွှလုပ်ငန်းတိုကို သေနတ်ပြခြိမ်းခြောက်ပြီး လုယက်မှုကျူးလွန်သူ PDF ၂ ဦးပါ တရားခံ ၅ ဦး ဖမ်းဆီးရမိ

၅။ မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသော မူးယစ်အနွယ်ဝင် ဘိန်းစာပင်များမှာ AA ထိန်းချုပ်ရာ ဒေသများတွင် ဈေးကောင်းရနေပြီး အသုံးပြုသူ မြင့်တက်နေ

၆။ AA ရဲ့ မြိုသိမ်းတိုက်ပွဲတွေကြောင့် ရခိုင်စစ်ရှောင် ၆ သိန်းကျော်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဒဏ် ရခိုင်ပြည်သူများ ခံစားနေရ

၇။ ပခုက္ကူစက်မှုဇုန်ကပြန်လာတဲ့ ကင်းလှည့်ယာဥ်တစ်စီးကို PDF သုံးဖွဲပေါင်းပစ်ခတ်မှု လုံခြုံရေးတပ်ဖွဲဝင် ၄ ဦးသေဆုံး

၈။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၁၂၀ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်များပေးရန်WHOကတရုတ်ကိုတောင်းဆို

၂။ H-1B ဗီဇာအငြင်းပွားမှုတွင် ထရမ့်ပ်က အီလွန်မက်စ်ကို ထောက်ခံ

၃။ စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတကို ထိန်းသိမ်းရန် နှင့် ရှာဖွေရန် တရားရုံးက ဝရမ်းထုတ်

၄။ စက်ရုပ်စစ်သား ၁၀၀၀၀ အထိ ချိတ်ဆက်နိုင်ပြီး စစ်မြေပြင်မှာတပ်ဖြန့်ဖိုအထိ အသင့်ဖြစ်နေတဲ့ ကမ္ဘာ့ပထမဆုံး မိုဘိုင်း 5G အခြေစိုက်တပ်စခန်းတစ်ခုကို တရုတ်နိုင်ငံက ထုတ်ဖော်ပြသ

၅။ တူရကီလုပ်ဒရုန်းများ တပ်ဆင်လာတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကြောင့် အိန္ဒိယက နှစ်နိုင်ငံနယ်စပ်အနီး၌ မောင်းသူမဲ့ လေယာဉ်များကို တပ်ဖြန့်

၆။ ရုရှားဘဏ်ထံမှသိမ်းယူထားတဲ့ အမေရိကန်ဒေါ်လာ (၁၅)ဘီလျံအား ယူကရိန်းကို ကူညီပေးမယ်လို အမေရိကန်အစိုးရပြော

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင် စနူကာအားကစားသမားများ ပြန်လည်ရောက်ရှိလာ

၂။ Asean Cup ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထိုင်းက ဖိလစ်ပိုင်ကိုအနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီဖြစ်

၃။ အော်လ်မိုကို မှတ်ပုံတင်ရန် ဘာစီလိုနာ အယူခံတင်သွင်းမှု မအောင်မြင်

၄။ ဂျင်းဘောင်းဘီပြဿနာ ဖြေရှင်းအပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံ ကာလ်ဆန် ပြန်လည်ယှဉ်ပြိုင်

၅။ ဝေလ်းပြည်နယ်ခရစ်ကတ်အသင်းဖြစ်တဲ့ ဂလာမော်ဂန်အသင်းဟာ ၎င်းတိုရဲ့နည်းပြချုပ်ဖြစ်သူ ဂရန့် ဘရတ်ဘန်း ကို အကျင့်ပျက်ခြစားမှုများကြောင့် ရာထူးကနေထုတ်ပယ်လိုက်

အနုပညာသတင်းများ

၁။ ၂၀၂၄ ခုနှစ်ကုန်ပြီး ၂၀၂၅ ခုနှစ်ကူးပြောင်းမယ့်ကာလ အနုပညာရှင်တချို ဆုမွန်ကောင်းစကားသံ

၂။ နေပြည်တော်မှာ ပြုလုပ်နေတဲ့ Myanmar Countdown 2025 ရဲ့ နောက်ဆုံးနေ့မှာ လာရောက်သူအများအပြားနဲ့ စည်ကား

၃။ BigBang ရက်ပ်အဖွဲဝင်ဟောင်း TOP ၊ Squid Game 2 မှာ ပါဝင်တဲ့ သူ့ရဲ့ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မှာ ဒီညပြုလုပ်မယ့် နှစ်သစ်ကူးပွဲ အပြန်ခရီးအတွက် YBS ယာဉ်လိုင်း ၇ လိုင်းပြေးဆွဲ‌ပေးမယ်
Next post လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား