ရန်ကုန်တွင် ဓါတ်အားစနစ် ဝန်အားမနိုင်နင်းမှုကြောင့် ယမန်နေ့ ည(၉)နာရီမှ မှ စတင်ကာ နံနက် (၁)နာရီအထိ မီးဖြတ်မည်

ဓါတ်အားစနစ်အတွင်း ဝန်အားမနိုင်နင်းမှုကြောင့် ယမန်နေ့ ဒီဇင်ဘာ (၁၉)ရက်၊ ည (၉)နာရီမှ နံနက် (၁)နာရီအထိ တစ်ချိန်ထပ်တိုး မီးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာထားသည်။

အဆိုပါမီးဖြတ်မည့်အကြောင်းကို ရန်ကုန်တိုင်းအတွင်းရှိ လှိုင် ၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းအပါအဝင် မြို့နယ်အချို့ရှိ YESC ဌာနများကလည်း အသိပေး ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ရပ်ရှ်ဖို့ဒ်နေရာတွင် မိမိဆိုပါက ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရခြင်းကို ဆိုရှယ်မီဒီယာ၌ စကားပြောမည့်အစား မန်နေဂျာနှင့်သာ စကားပြောမည်ဟု အာမိုရင်မ်ဆို