ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ရည်ရွယ်ပြီး ကျင်းပသည့် ဖူဆယ် ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ

ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ရည်ရွယ်ပြီး ကျင်းပသည့် အသင်းလေးသင်းပါဝင်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး Music FC အသင်းဗိုလ်စွဲခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဖူဆယ်ရုံတွင် ဗိုလ်လုပွဲစဉ်အဖြစ် Music FC အသင်းနှင့် Friends FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး Music FC အသင်းမှ မှ ၁၁ ဂိုး ၈ ဂိုး ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။

တတိယလုပွဲအနေဖြင့် အမျိုးသမီးအသင်းဖြစ်သည့် YW FC နှင့် ပိုင်ဇေရဲထွန်း၊ သူထူးစံ၊ ထွန်းထွန်း၊ မိုးယံဇွန်နှင့် အခြား သရုပ်ဆောင်များ ပါဝင်သည့် Movie FC တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး Movie FC အသင်းမှ အနိုင်ရရှိကာ တတိယရရှိခဲ့သည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပသည့် ရန်ပုံငွေပွဲအား စက်တင်ဘာ ၂၄ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး ရရှိလာသည့် အလှူငွေများအား ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့် သွားပို့သည့် ဖခင် နှင့် လေးနှစ်အရွယ် သမီးငယ် တို့အား PDF များက ပစ်ခတ်သတ်ဖြတ်
Next post (၂၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်