(၂၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရေဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အလှူငွေနှစ်ကြိမ်လက်ခံခဲ့ရာ ကျပ် ၄၂ ဘီလျံကျော်အထိ ရရှိ

၂။ ရှမ်းမြောက် နောင်မွန်မြိုနယ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ၊ MNDAA လက်နက်ကိုင်များ ပုန်းခို၍ အိပ်နေစဉ် ဗုံးကြဲခံရခြင်းဖြစ်ဟု ဒေသခံများ ပြော

၃။ လာမည့်အပတ်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်သန်း ၃၀ နှင့် တရုတ်ယွမ် ၅ သန်း ဗဟိုဘဏ် ထပ်မံရောင်းချပေးမည်

၄။ အောက်တိုဘာလလယ်တွင် မုတ်သုန်လေ ပြန်ဆုတ်ဖွယ်ရှိသော်လည်း မုန်တိုင်း တစ်ကြိမ်ဖြစ်နိုင်သေးကြောင်း မိုး/ဇလအသိပေး

၅။ ရန်ကုန်တိုင်းအတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲဝင် PDF ၁၂ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းမိ

၆။ ပေါင်းတည်၊ ရွာသစ်ကြီးအုပ်စုအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ထားသည့် PDF နှစ်ဖွဲက ထပ်မံဆက်ခံသည့် အုပ်စုအုပ်ချုပ်ရေးမှူးကိုပါ သတ်ဖြတ်

၇။ ဇနီးမောင်နှံနှစ်ဦး အပါအဝင် လူ ၄ ဦးကို PDF များက ထိုးခုတ်ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွား

၈။ စက်တင်ဘာလ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၀၇,၄၅၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၃၅ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၅၈၅ ကျပ်၊ Premium Diesel – ၃၂၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအုပ်စု၏ ခေါင်းဆောင်သေဆုံး

၂။ ဘယ်သူပဲသမ္မတ ဖြစ်ဖြစ် ယူကရိန်းက အမေရိကကို အားကိုး ပါတယ်ဟု ဇလန်းစကီးပြောဆို

၃။ ဂါဇာတွင် ပြီးပြည့်စုံသော အောင်ပွဲရရှိရန် အစ္စရေးက ဆုံးဖြတ်ထားကြောင်း နေတန်ယာဟုဆို

၄။ လက်ဘနွန်ရောက်စင်္ကာပူနိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန်အကြံပေး

၅။ ဟာရီကိန်းမုန်တိုင်း Helene တိုက်ခတ်၍ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်များအတွင်း အနည်းဆုံး လူ ၄၃ ဦးသေဆုံး

၆။ အင်ဒိုနီးရှားနိုင်ငံတွင် ရွှေတွင်းတစ်တွင်း ပြိုကျ၍ အနည်းဆုံး လူ ၁၅ ဦးသေ၊ သုံးဦးဒဏ်ရာရရှိကာ ၂၅ ဦး ပျောက်ဆုံးနေ

အားကစားသတင်းများ

၁။ စင်ရော်မောင်မောင်မှ We Love Arsenal fans ပရိတ်သတ်များတွေ့ဆုံပွဲနှင့် ဘောလုံးပွဲစုပေါင်းကြည့်ရှုမည်

၂။ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ONE နှင့် စာချုပ်ချုပ်ဆိုမည်ဟု သတင်းထွက်

၃။ ဘာစီလိုနာအသင်းအား ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကို ပရိသတ်များမပါပဲ ယှဉ်ပြိုင်ကစားဖို UEFA က အမိန့်ထုတ်ပြန်

၄။ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသားတင် ယူရို သန်း ၂၀၀ နီးပါး အရှုးပေါ်ခဲ့ကြောင်း ထုတ်ပြန်

၅။ နယူးကာဆယ်လ်အသင်းရဲ့အမှုဆောင် အရာရှိချုပ် ဒါရန် အီလက်စ်ဟာ သွေးကင်ဆာ ရောဂါတွေ့ရှိပြီးနောက် ရာထူးကနေ နုတ်ထွက်

အနုပညာသတင်းများ

၁။ ကလီယိုပတ်ထရာမှန်း အမဖြစ်သူ စန္ဒီမြင့်လွင် မရိပ်မိအောင် Performance ပိုင်းကြိုးစားရလို တန်ပါတယ်ဆိုတဲ့ စိုးပြည့်သဇင်

၂။ ကလောမြိုနယ်အတွင်းက ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေကို ကိုယ်တိုင်သွားရောက်ပြီး အစားအသောက်၊ ငွေကြေးစုစုပေါင်း သိန်း ၄၀၀ ကျော် စုပေါင်းလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

၃။ သီချင်းဆိုရတဲ့ ဘဝကို အရမ်းသဘောကျတယ်ဆိုတဲ့ စိုးမြတ်နွယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ရည်ရွယ်ပြီး ကျင်းပသည့် ဖူဆယ် ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ
Next post (၂၉-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ