ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့် သွားပို့သည့် ဖခင် နှင့် လေးနှစ်အရွယ် သမီးငယ် တို့အား PDF များက ပစ်ခတ်သတ်ဖြတ်

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် လေးနှစ်အရွယ် သမီးငယ်တို့အား PDF များက ပစ်ခတ် သတ်ဖြတ်ခဲ့ကြကြောင်း နစက မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ အမျိုးသား တစ်ဦးသည် စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်း၏ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့် သွားရောက်ပို့ဆောင်စဉ် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ သားအဖ နှစ်ဦးစလုံး လက်နက်ငယ် ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သော PDF များအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ရည်ရွယ်ပြီး ကျင်းပသည့် ဖူဆယ် ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ