ဟိုပုံးမြို့နယ်အတွင်း ရေကြီးနေ၍ အခြေခံပညာ စာသင်ကျောင်း(၈)ကျောင်းကိုယာယီပိတ်
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ ဟိုးပုံးမြို့နယ်အတွင်းရေကြီးနေ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း(၈) ကျောင်းကို ယနေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ယာယီပိတ်ထားရကြောင်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်ညပိုင်းမှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက်အစောပိုင်းမှစတင်ပြီး နေအိမ်များအတွင်းနှင့်အခြေခံပညာစာသင်ကျောင်းများ၊ လမ်းများပေါ်သို့ ရေဝင်/ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အ.ထ.က(စငေါ)၊ အ.ထ.က(ကျောက္ကချား)၊ အ. လ.က(ဝမ်စောက်)၊ အ.မ.က မူလွန်(စံဖူး)၊ အ.မ.က(၁)၊ အ.မ.က (ဖာလွိုင်)၊ အ.မ.က (လိုက်ပေး)၊ အ.မ.က(နောင်ဆုံ)တို့တွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများ နှင့်ဆရာ၊ဆရာမများ ရေဘေးအန္တရာယ်မကြုံတွေ့စေရန် ယာယီပိတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ယာယီပိတ်ခဲ့ရသဖြင့် ကျောင်းသား၊ကျောင်းသူများ စာသင်ကြားမှုနောက်မကျစေရန် အစားထိုးသင်ကြားမှုများ ပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။