ဘဏ်‌အကြွေးများ ပေးသွင်းနိုင်ရန် သဘင်ခြံအား ထုတ်ရောင်းရတော့မည်ဟု ဇာတ်မင်းသား ဖိုးချစ်ကြေညာ

ပေးသွင်းရန် ရှိနေသည့် ဘဏ်အကြွေးများ ပေးချေနိုင်ရန် မင်္ဂလာဒုံမြို့နယ်ရှိ အကျယ်အဝန်း (၁.၁၉) ဧကရှိသော သဘင်ခြံကို ထုတ်ရောင်းမည်ဖြစ်ကြောင်း ဇာတ်မင်းသား ဖိုးချစ်မှ လူမှုကွန်ရက်မှတဆင့် အသိပေးကြေညာထားသည်။

“နှလုံးသားထဲက ကျွန်တော့်ဘဝ ကျွန်တော်ကြိုးစားထုဆစ်တန်ဖိုးထားရတဲ့ သဘင်ခြံကြီး ရောင်းပါတော့မယ်ခင်ဗျာ။ ဘဏ်သို့ပေးသွင်းရန် ကြွေးမြီများကြောင့် အမြန်ရောင်းလိုပါတယ်ခင်ဗျာ”ဟု ဖိုးချစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရောင်းချမည့် သဘင်ခြံသည် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂၉) အောင်ချမ်းသာလမ်းမကြီး( ဖိုးချစ်လမ်း ) ကြူစမ်းရပ်ကွက်၌ ရှိကာ နှစ် ၆၀ ဂရံနာမည်ပေါက်ခြံဖြစ်ပြီး မြေအကျယ်အဝန်းအားဖြင့် ၁.၁၉ ဧက ( sq ၅၁၈၃၆ )ရှိကာ ရောင်းချရာ၌ မြေအပြင် အဆောက်အဦးများ ဖြစ်သည့် ပေ ၅၀/၆၅ ရှိ သော ၃ ထပ်တိုက်၊ Recoding တစ်ခု၊ ဇာတ်ရုံတစ်ခု( ပေ ၈၀/၁၀၀ ) ၊ လူနေတိုက် ( နှစ်ထပ်ခွဲ )၊ဘန်ဂလိုတစ်လုံး၊ ဖူဆယ် ဘောကွင်း( ပေ ၁၁၀/၆၀ )၊power မီတာ (၁)လုံး ရိုးရိုးမီတာ (၁)လုံး၊ ကားဂိုဒေါင်နှစ်ထပ်တစ်လုံး( ပေ ၂၅ ပေပတ်လည်ခန့် )တို့လည်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ရောင်းချမှုကို သူ၏ ပရိတ်သတ်များနှင့် သဘင်လောကသားများကလည်း စိတ်မကောင်းဖြစ်ရကြောင်း ၎င်း၏ စာမျက်နှာတွင် မှတ်ချက်ပေးထားကြသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ်မှ မြို့ရွှေမန်းသား ဖိုးချစ်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လူမှုကွန်ရက်တွင် မျှဝေထားသည့် အတိုင်းသာဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေကြား ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဟိုပုံးမြို့နယ်အတွင်း ရေကြီးနေ၍ အခြေခံပညာ စာသင်ကျောင်း(၈)ကျောင်းကိုယာယီပိတ်
Next post (၁၂-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်