ခင်ပွန်းသည်နဲ့ ရုတ်တရက် ပြတ်စဲလိုက်တဲ့ မေမီကျော်ကျော်

မေမီကျော်ကျော်က တစ်ချိန်တုန်းကတော့ MRTV 4 က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ထာဝရ မန္တလေးဇာတ်လမ်းတွဲမှာ မခင်နှင်းဆီအဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေက သူ့ကိုအခုအထိ မှတ်မိနေတုန်းပါပဲ။ မေမီကျော်ကျော်က ထာဝရမန္တလေးဇာတ်လမ်းတွဲအပြင် ပန်းနုသွေး၊ ဝိဉာဉ်ရှိုက်သံ၊ လူရည်ချွန် စတဲ့ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

မေမီကျော်ကျော်က အောင်မြင်နေုတုန်းအချိန်မှာပဲ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ မေမီကျော်ကျော်က အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့မြန်မာနိုင်ငံသားနဲ့အိမ်ထောင်ပြုလိုက်တာဖြစ်ပြီး အမေရိကန်မှာပဲ အခြေချပြီးနေထိုင်ခဲ့ပါတယ်။ သူ့ရဲ့အမျိုးသားကတော့ အိုင်တီပညာရှင်တစ်ယောက်ဖြစ်လို့ မေမီကျော်ကျော်က အိမ်ထောင်ရှင်မဘဝနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ ကိုဗစ်ကာလမှာလည်း မြန်မာပြည်ကို ပြန်မလာဖြစ်တာကြောင့် ဇာတ်လမ်းတွဲတွေနဲ့ နှစ်အနည်းငယ်ကြာအောင် ဝေးကွာသွားခဲ့ပါတယ်။

ဒါပေမယ့် မေမီကျော်ကျော်က လွန်ခဲ့တဲ့နှစ်မှာတော့ မြန်မာပြည်ကို ပြန်လာခဲ့ပြီးသရုပ်ဆောင်အလုပ်တွေကို ပြန်လုပ် ခဲ့ပါတယ်။ ခင်ပွန်းသည်ကို ထားခဲ့ကာ အလုပ်တွေ ပြန်လာလုပ်နေတဲ့ မေမီကျော်ကျော်ကိုတော့ ပရိသတ်တွေက အနည်းငယ် အံ့အားသင့်ခဲ့ကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ မေမီကျော်ကျော်က သူ့ရဲ့ခင်ပွန်းသည်နဲ့ ပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

မေမီကျော်ကျော်တို့ရဲ့အိမ်ထောင်ရေးက ၈နှစ်တာ ရှိသွားပြီဖြစ်ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် လမ်းခွဲခဲ့ကြပါတယ်။ မေမီကျော်ကျော်က သူ့နည်းသူ့ဟန်နဲ့ ညှိနှိုင်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ မြဲမယ်လို့ထင်ထားတဲ့အရာတစ်ခုက မမြဲဘဲ လက်လွှတ်ရတာကြောင့် သူ့အတွက် တုန်လှုပ်ခဲ့ရပါတယ်။ ဘေးနားမှာ မိဘတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့ဖေးမမှုကြောင့်ပဲ အခုအခြေအနေမှာတော့ မေမီကျော်ကျော်က တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။

၈နှစ်တာ အိမ်ထောင်ရေးကို မေမီကျော်ကျော်က မရပ်တန့်ချင်တာကြောင့် သူ့ဘက်ကလည်း ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူပေးသလို အချစ်တွေက ပြန်မရလာတဲ့အပြင် တစ်ဖက်ကလည်း မပြောင်းလဲလာခဲ့ပါဘူး။ သူ့ဘက်ကနေ မပျော်ရွှင်တဲ့ သူတစ်ယောက်ကို ဆွဲထားရတာ ကိုယ်ရောစိတ်ရော နာကျင်လာခဲ့ရပါတယ်။ နှစ်ယောက်လုံးက အဆင်မပြေတော့ တာကြောင့် နောက်ဆုံးမှာတော့ လမ်းခွဲလိုက်ကြတော့သည် ဟုဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်