(၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ IBEC ဆရာတော်၏ တောင်းဆိုမှုဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအစီ အစဉ်အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတိုမှ စစ်ရှောင်ပြည်သူများပါဝင်လာ

၂။ ဗဟိုဘဏ်မှ ဒေါ်လာ ၁၂ သန်းကျော်နှင့် ထိုင်းဘတ်သန်း ၈၀ ထပ်မံထုတ်ရောင်း၍ တစ်လကျော်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော်အထိ ထုတ်ရောင်းပေးထား

၃။ နိုင်ငံပြိုကွဲစေရန် ဆန္ဒမရှိသလို အစိုးရ၏အာဏာကို ပြိုင်ဆိုင်မည်မဟုတ်ကြောင်းနှင့် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် ထူထောင်မည်မဟုတ်သည့်အပြင်
NUG ကို မည်သည့်အကြောင်းနှင့်မျှ ပူးပေါင်းမည်မဟုတ်ကြောင်း MNDAA အတည်ပြု ထုတ်ပြန်

၄။ ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ်သို မြန်မာတက်ရောက်

၅။ ပြည်ပရောက်အလုပ်သမားများ မိသားစုထံ လုပ်အားခ ၂၅ ရာခိုင်နှုန်းမလွှသည့်အတွက် အေဂျင်စီ ၇၀ ကျော် ကို အရေးယူပြီ

၆။ စက်​လှေတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို လုယက်လိုက်ပြီး လူတစ်ဦးကို သတ်ဖြတ်လိုက်သည်ဟု ပုသိမ်ကြီးပကဖဝန်ခံချက် ထုတ်ပြန်

၇။ မုံရွာ – မန္တလေး ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီးကို PDF တွေက နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်လို ယာဉ်မောင်း အပါအဝင် ၃ ဦး ဒဏ်ရာရ

၈။ စက်တင်ဘာလ ၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၀၂၁,၆၇၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၂၄၀ ကျပ်၊ Diesel – ၂၆၅၅ ကျပ်၊ Premium Diesel – ၃၂၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မလေးရှားအစိုးရ၊ ဒုတိယဝန်ကြီးဟောင်းတစ်ဦး မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှုအဖွဲနှင့် ပါဝင်ပတ်သက်နေဟု မလေးရှားရဲတပ်ဖွဲ စွပ်စွဲ

၂။ တရုတ်နိုင်ငံအတွက် ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဆောင်ပေးနေမှု ပေါ်ပေါက်အပြီး နယူးယော့ခ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်အား အမေရိကန်က ရာထူးမှ ဖယ်ရှား

၃။ တရုတ်ကန့်ကွက်လည်း တောင်တရုတ်ပင်လယ်၌ရေနံရှာဖွေတူးဖော်မှုများကို ရပ်တန့်ရန်မရှိဟု မလေးဝန်ကြီးချုပ်ပြော

၄။ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးမောင်းသူမဲ့ဗုံးကြဲလေယာဉ် အောင်မြင်စွာ စမ်းသပ်ပျံသန်း

၅။ အဇာဘိုင်ဂျန်က JF-17 တိုက်လေယာဉ်တွေမှာ တူရကီထုတ် ဒုံးကျည်တွေ တပ်ဆင်သွားမည်

၆။ အချိန်(၂၄)နာရီအတွင်း အကြိမ်ပေါင်း(၂၀၃၂)ကြိမ်အထိ ဘိုးလင်းကစားခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တဲ့ ကန်တက်ကီဘိုးလင်းအသင်း

အားကစားသတင်းများ

၁။ မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်ကို မလေးရှားက ခေါ်ယူ

၂။ အက်စ်တွန်ဗီလာ အသင်းရဲ့လက်မှတ်များကိုဈေးနှုန်းများမြှင့်တင်လိုက်မှုအပေါ် အသင်းပရိသတ်များ က ဝေဖန်ရှုချ

၃။ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို ဖယ်ထုတ်ခံထားရတဲ့ Ballon d’Or ဆန်ခါတင် ၃၀ စာရင်း ထွက်ပေါ်လာ

၄။ ၂၀၂၅ နှစ်မှာ LIV ဂေါ့ဖ်လိဂ် ပြိုင်ပွဲရဲ့ စတုတ္ထမြောက်ရာသီ ပွဲစဉ် ၄ ပွဲ ကို ဆော်ဒီအာရေးဗီးယား မြိုတော် ရီးယာ့ဒ် မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမှာဖြစ်

၅။ ၂၀၂၄ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ ကစားသမား ဂျန်းနစ်ဆင်းနား ဆီမီးဖိုင်နယ်ကိုတက်ရောက်

အနုပညာသတင်းများ

၁။ မိသားစု မေတ္တာဖွဲဇာတ်လမ်းပုံစံ “ခေါင်” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

၂။ ဇာတ်ကားထဲမှာ ရှိက်ကြီးတငင်ငိုထားတာက လိုအပ်လို ငိုတာပါဆိုတဲ့ အေးချမ်းမောင်

၃။ “ကျွန်မက ဗီလိန်”ဇာတ်ကားပြီးတော့ ခေတ်သစ်မပဋာလှလှဆွေလို နာမည်သစ်ရသွားတဲ့ မိုးပြည့်ပြည့်မောင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခင်ပွန်းသည်နဲ့ ရုတ်တရက် ပြတ်စဲလိုက်တဲ့ မေမီကျော်ကျော်
Next post (၆-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ