ဘဏ်ဝန်ထမ်းလုပ်ရင်း ဘဝကိုဖြတ်သန်းနေတဲ့ အဆိုတော် သီရိဂျေမောင်မောင်

Blackcoffee သီချင်းနှင့်အတူတူ တွဲမြင်နေရသော အဆိုတော် သီရိဂျေမောင်မောင် ဟာ ပရိသတ်တွေရဲ့ ရှေ့ကနေ ကွယ်ပျောက်နေတာဟာ ဆိုရင် (၁၀)နှစ်ကျော်နီးပါးရှိပြီး ဖြစ်ပြီး (၁၀)နှစ်ကျော် ဖြတ်သန်းလာတဲ့ life style ကို အခုလိုပြောဆိုလာပါတယ်…

ပထမတော့ သီချင်းတွေဆိုပြီး ကြားထဲမှာ ကျောင်းတွေတက်ပြီး ဘွဲ့ယူဖြစ်ပြီးနောက် ဝန်ထမ်းအလုပ်လုပ်ဖြစ်သွားတာဖြစ်ပြီး အချိန်က အလုပ်ဘက်ကိုပေးဖြစ်ပြီး သီချင်းတွေဘက်ကို မလှည့်ဖြစ်တာဟု အဆိုတော် သီရိဂျေမောင်မောင်က ဆိုလာပါတယ်။

သီချင်းတွေဆိုနေရင်းနဲ့လည်း အလုပ်လုပ်ချင်တဲ့စိတ်ပေါ်လာတယ် ၊ သီချင်းကလည်း ကိုယ့်ရဲ့ဝါသနာအရ ဆိုတယ် ၊ ဝါသနာလည်း ဟုတ်တယ် ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း တခုအနေနဲ့လုပ်တယ် ၊ အဓိက ကတော့ ရုံးအလုပ်လုပ်ကိုလည်း စိတ်ဝင်စားတာကြောင့် changes တွေလည်း ကြိုက်တော့ ပြောင်းလိုက်တယ့်အချိန် new experience ရတယ်ဟု အဆိုတော် သီရိဂျေမောင်မောင်က ပရိသတ်ကြီးကို ပြောဆိုလာပါတယ်။

သီရိဂျေမောင်မောင်ကို အခုအချိန်ထိ blackcoffee နဲ့ တွဲမြင်တဲ့ ပရိသတ်နဲ့ သီချင်းဆိုခွင့်ပေးတဲ့ ဆရာတွေကို ကျေးဇူးတင်ပါတယ်လို့ သူမက ကျေးဇူးတင်ပီတိစကားပြောကြားလာပါတယ်။ အချိန်ရရင် ရသလို သီချင်းတွေကို ပရိသတ်တွေဆီ ချပြသွားမည်လို့ သူမက DBN ပရိသတ်ကြီးတွေ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဥရောပစူပါဖလားကို မန်စီးတီးအသင်းက ပထမဆုံးအကြိမ် ရရှိ
Next post အဖွားဖြစ်သူ (၉၂)နှစ်ပြည့် မွေးနေ့အတွက် ဆုမွန်တောင်းပြီး အလှဓာတ်ပုံများ မျှဝေလာသော သရုပ်ဆောင် စမိုလ်း