ဥရောပစူပါဖလားကို မန်စီးတီးအသင်းက ပထမဆုံးအကြိမ် ရရှိ

ဥရောပစူပါဖလားဗိုလ်လုပွဲကို ယနေ့မနက် မြန်မာစံတော်ချိန် (၁:၃၀)နာရီတွင် ယှဉ်ပြိုင်ကစားရာ  မန်စီးတီးအသင်းနဲ့ ဆီဗီလာအသင်း တို့ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန်အတွင်း တစ်ဖက်(၁-၁)ဂိုးနဲ့ သရေချခဲ့ပြီး အဆိုပါ ဂိုးများကို အန်နက်ဆီရီ(၂၅ မိနစ်) (ဆီဗီလာ) ၊ ကိုးလ်ပါလ်မာ (၆၃ မိနစ်) (မန်စီးတီး) တို့က သွင်းယူခဲပြီး ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် မန်စီးတီးအသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် ၂၅ သင်းမြောက် ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ဉရောပစူပါဖလားကို ဆွတ်ခူးသဖြင့် မန်စီးတီးအသင်းဟာ ဉရောပစူပါဖလား ရရှိခဲ့ဘူးသော အင်္ဂလန်ကလပ်များတွင် (၆)သင်းမြောက် ရရှိခဲ့သော အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆီဗီလာအသင်းအနေဖြင့် စူပါဖလားတွင် ပထမဆုံးယှဉ်ပြိုင်သည့် ၂၀၀၆ ပြိုင်ပွဲတစ်ကြိမ်သာ ဗိုလ်စွဲခဲ့ပြီး နောက်ဆုံး(၆)ကြိမ်မြောက် အရေးနိမ့်ခဲ့ခြင်းဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်သူတိုင်းကို ငွေကြေးကောက်ခံသွားမည့် နှုန်းထားများ
Next post ဘဏ်ဝန်ထမ်းလုပ်ရင်း ဘဝကိုဖြတ်သန်းနေတဲ့ အဆိုတော် သီရိဂျေမောင်မောင်