မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်သူတိုင်းကို ငွေကြေးကောက်ခံသွားမည့် နှုန်းထားများ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၁၉ ရက်နေ့အထိ အခမဲ့ဖူးမြော်နိုင်ပြီး ၂၀ ရက်နေ့မှ စတင်၍ ဗုဒ္ဓဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဘုရားဖူးပြည်သူများ ကုသိုလ်ဖြစ် ပါဝင်နိုင်ရန် ငွေကြေးနှုန်းထားများသတ်မှတ် ကောက်ခံသွားမည်ဟု မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် တရားဝင်သတင်းထုတ်ပြန်လာသည်။

နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ USD ကောက်ခံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် တစ်ဦးလျှင် ကလေး / လူကြီး ၁၀၀၀ တစ်ထောင်ကျပ်စီပေးရမည့်အပြင် ယူဆောင်လာသော အပျော်တမ်းရိုက် ကင်မရာများအတွက် ၅၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ်တစ်စီး ဝင်ခွင့် ၂၀၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး အလှဓာတ်ပုံရိုက်ကူးမှု/ Video ရိုက်ကူးမှုအတွက် ၅၀၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး နာရီဝက်ပိုတိုင်း ၅၀၀၀ ကျပ်စီ ထပ်ဆောင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မြန်မာနိုင်ငံသားများအပါအဝင် ဘုရားဖူးပြည်သူများ မည်သူမဆို ငွေကြေးနှုန်းထားများသတ်မှတ် ကောက်ခံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တန်ခိုးကြီးဘုရားများဟု သတ်မှတ်ထားသည့် ရွှေတိဂုံ ၊ ကျိုက်ထီးရိုး၊ ပုဂံဘုရားများမှာတော့ နိုင်ငံခြားသားကိုသာ ဝင်ကြေး ကောက်ခံနေကြောင်း သာသနာရေးဦးစီးဌာနထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံလိုက်ရတဲ့ Dj Soda
Next post ဥရောပစူပါဖလားကို မန်စီးတီးအသင်းက ပထမဆုံးအကြိမ် ရရှိ