ဆာမူရိုင်းမျက်နှာဖုံး နောက်ကွယ်က ဆယ်လီ အကယ်ဒမီ နေတိုး

၂၀၂၄ ခုနှစ် ဇွန်လကစပြီး အပတ်စဉ် သောကြာနေ့တိုင်း channel 9 မှာ ထုတ်လွှင့်ပြသသော The Mask Singer Myanmar Season 2 ကတော့ Group D,E,F ရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေ စတင်နေပြီး ယမန်နေ့က Group-D က ဆာမူရိုင်း၊ သူရဲကောင်း နဲ့ ကလီရိုပတ်ထရာ တို့ရဲ့အားပြိုင်မှုကို မြင်တွေ့ကြခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီမျက်နှာဖုံးရှင် (၃) ဦးထဲက ပရိသတ် နဲ့ဆယ်လီစုံထောက်တွေအလိုကျ မျက်နှာဖုံးချွတ် သရုပ်မှန်ကိုချပြရခဲ့သော ဆယ်လီကတော့ ဆာမူရိုင်းမျက်နှာဖုံးရှင် အကယ်ဒမီ နေတိုးပဲ ဖြစ်ပါတယ်။

“The Mask Singer Myanmar အစီအစဉ်ကို ကြည့်ပြီး စိတ်လှုပ်ရှားရင်ခုန်တာကိုသိရတော့ ဒီအစီအစဉ်လေးမှာ ပါဝင်ခဲ့ရတဲ့အတွက် ကျွန်တော်ကလည်း အရမ်းကိုဝမ်းသာကျေနပ်မိပါတယ်, နောက်ထပ် မျက်နှာဖုံးမချွတ်ရသေးတဲ့ သူတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သိနိုင်ဖို့ The Mask Singer Myanmar ကို Channel -9 မှာစောင့်ကြည့်ပြီး ခဏတာဘဝအမောတွေ ပြေနိုင်ကြပါစေ”လို့ သရုပ်ဆောင် နေတိုးက သူရဲ့ အကောင့်နေရေးသားဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ရဲချုပ် တက်ရောက်
Next post (၃၁-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ