ရုံတင်ရက်နောက်ဆုတ်သွားမှာမဟုတ်တဲ့ RRR မင်းသား Ram Charan ရဲ့ ရုပ်ရှင်သစ်

နာမည်ကျော်တောင်ပိုင်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ S. Shankar ရဲ့ political drama အမျိုးအစား တောင်ပိုင်းရုပ်ရှင်သစ် Game Changer မှာ RRR မင်းသား Ram Charan က အဓိကနေရာကနေ ပါဝင်ထားလျက်ရှိပါတယ်။

Game Changer ရုပ်ရှင်ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်​ယောက်က နိုင်ငံရေးအကျင့်ပျက်မှုတွေကို ရင်ဆိုင်တွန်းလှန်ရပုံကို ရိုက်ကူးပြသသွားမှာဖြစ်ပြီး Shershaah သရုပ်ဆောင် Kiara Advani နဲ့ Mersal သရုပ်ဆောင် S J Suryah လည်း ပါဝင် ထားကြပါတယ်။

ကနဦးသတင်းတွေအရ Game Changer ကို ၂၀၂၄ မှာ ပြသမှာမဟုတ်ပဲ ၂၀၂၅ မှာ ပြသမှာဖြစ်ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ထုတ်လုပ်သူတွေဘက်ကတော့ Game Changer ကို ၂၀၂၄ ခရစ္စမတ်မှာ ရုံတင်ပြသမှာဖြစ်ကြောင်း အတည်ပြုပေးလာပါတယ်။

Game Changer ရုပ်ရှင်ရဲ့ ထုတ်လုပ်သူ Dil Raju က News 18 သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ Game Changer ရဲ့ ပြသရက်ကိစ္စအပေါ် အခုလိုမှတ်ချက်ပြုလာပါတယ်။ “ရိုက်ကူးရေးကပြီးပါပြီ။ ဒီနှစ်ခရစ္စမတ်မှာပြသဖို့ပြင်ဆင်ထားပါတယ်။ ဒီရုပ်ရှင်က Shankar နဲ့ Ram Charan တို့ရဲ့ ပုံရိပ်တွေကို ပြောင်းလဲသွားစေမယ်လို့တော့ ယုံကြည်ထားတယ်။”

ဒါရိုက်တာ S. Shankar ကို မင်းသားကြီး Rajinikanth ရဲ့ Robot နဲ့ 2.0 ရုပ်ရှင်တွေမှာ ပိုမိုလူသိများကြသလို ၎င်းရဲ့ရုပ်ရှင် တစ်ကားဖြစ်တဲ့ Indian 2 ကိုလည်း ယခုနှစ်မှာ ရုံတင်ပြသခဲ့ပေမယ့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘိုင်ရာဘာ လို့ နာမည်ပြောင်အပေးခံထားရတဲ့ Telugu သရုပ်ဆောင် Ram Charan ကို မြန်မာပရိသတ်တွေက Magadheera, Yevadu နဲ့ RRR ရုပ်ရှင်တွေနဲ့ ပိုမိုလူသိများကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီး Ms. Ma Jia တွေ့ဆုံ
Next post တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး မြေနိမ့်ပိုင်းများသို မြစ်ရေဝင်ရောက်လျက်ရှိ