မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီး Ms. Ma Jia တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ဩဂုတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ပါတယ်။

သံအမတ်ကြီး Ms. Ma Jia က မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင် စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း၊ အဆွေတော် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မိမိစတင် တာဝန် ထမ်းဆောင်ချိန်မှစ၍ မိမိ၏ အလုပ်အကိုင်အပေါ် များစွာကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိသည် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပြန့်ပွားအောင် လုပ်ဆောင်၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းလက်တွေ့ ကျလာစေရန် မြှင့်တင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ရုံတင်ရက်နောက်ဆုတ်သွားမှာမဟုတ်တဲ့ RRR မင်းသား Ram Charan ရဲ့ ရုပ်ရှင်သစ်