တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး မြေနိမ့်ပိုင်းများသို မြစ်ရေဝင်ရောက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ဩဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသည်။

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀)အထက်ရောက်ရှိနေပြီး ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်တွင် စိုးရိမ်ရေအမှတ် (၆၃၆)ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တောင်ငူမြို့၊ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေ ဝင်ရောက်လျက်ရှိကာ ရေဘေးသင့် ပြည်သူများအား ကုန်းမြင့်ပိုင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားလျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုံတင်ရက်နောက်ဆုတ်သွားမှာမဟုတ်တဲ့ RRR မင်းသား Ram Charan ရဲ့ ရုပ်ရှင်သစ်
Next post (၂၈-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ