မဟာရုပ်သံဇာတ်လမ်းတွဲ“ပျိုးဥယျာဉ်”ဇာတ်လမ်းတွဲအတွက် မျက်နှာသစ်သရုပ်ဆောင် ခေါ်ယူနေ

မဟာရုပ်သံဇာတ်လမ်းတွဲကပြသမယ့် ပညာပေးဇာတ်လမ်းပုံစံ “ပျိုးဥယျာဉ်”ရုပ်သံဇာတ်လမ်းတွဲအတွက် မျက်နှာသစ် သရုပ်ဆောင် (သို့) သရုပ်ဆောင် ခေါ်ယူနေလျှက်ရှိပါတယ်။

“ဒီဇာတ်ကားကတော့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/သူကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းကို ပညာပေး ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့သူတွေ ဖော်ပြထားတဲ့ အချက်အလက်တွေကို ဖြည့်ပြီးလျှောက်ထားနိုင်ပါတယ်။ ‌သရုပ်ဆောင်လျှောက်မယ့်သူတွေက အခြား Production (ထုတ်လုပ်ရေး) တွေနဲ့ စာချုပ်ချုပ်ဆိုထားသူတွေတော့ မဖြစ်ရပါဘူး” လို့ မဟာရုပ်သံဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သရုပ်ဆောင်ဖို့ စိတ်ဝင်စားသူ အမျိုးသား/အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း ကိုယ်ရေးရာဇဝင် (CV)၊ ခရီးဝေးလိုက်နိုင်သူ / အသင်းအဖွဲ့စိတ်ရှိသူ၊ ရိုက်ကူးရေးကို အပြည့်အဝ အချိန်ပေးနိုင်သူတွေက ဓာတ်ပုံ အလှပုံ (၃) ပုံ (တစ်ကိုယ်လုံးပါသောပုံနဲ့ မျက်နှာ အနီးကပ်ရိုက်ထားတဲ့ပုံတွေအပြင် ကိုယ်တိုင်စိတ်တိုင်းကျသရုပ်ဆောင်ထားတဲ့ (၁) မိနစ်ဝန်းကျင် ကြည်လင်ပြတ်သားစွာ ရိုက်ကူးထားသော ဗီဒီယိုတွေကို ဩဂုတ်လ ၂၁ ရက်ကနေ လာမယ့် အောက်တိုဘာ လ ၃၁ ရက်အထိ ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

‌သရုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့သူတွေက Gmail- [email protected] ၊ Viber Number – 095036903 နဲ့ Telegram – 095036903 တွေကလည်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Friday Night Show အစီအစဉ်၏ “International Songs” ဖျော်ဖြေရေး အစီအစဉ်အား ကြည့်ရှုအားပေး