(၂၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ သီတဂူဆရာတော်ကြီးအား သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ ဒေါက်တာဘွဲ ဆက်ကပ်

၂။ ဒေါ်လာသန်း ၁၀၀ ခန့် ထုတ်ရောင်းခဲ့ပေးပြီးနောက် ဗဟိုဘဏ် ဒေါ်လာ ၃၁ သန်း ထပ်မံ‌ထုတ်ရောင်းပေး

၃။ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

၄။ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဝင်ခွင့်လျှောက်လွှာနှင့် ငွေသွင်းတံဆိပ်ခေါင်းကို လာမည့် စက်တင်ဘာလတွင် ရောင်းချပေးမည်

၅။ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်း

၆။ မြန်မာနိုင်ငံဘက်ခြမ်းကိုပိုမည့် ဆေးခြောက် ၂၂ ကီလိုကျော်ကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် သိမ်းဆည်းရမိ

၇။ ရေစကြိုမြိုနယ် ဆင်မရဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်သွေးကြွ PDF တွေက ဒရုန်းဖြင့် ဗုံးကြဲ

၈။ ဩဂုတ်လ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၈၈၂,၂၉၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၇၅ ကျပ်၊ Octane 95 – ၃၁၁၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၀၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားနိုင်ငံအတွင်းသို ယူကရိန်းတပ်များ ထိုးစစ်ဆင်ခဲ့သည့် နယ်စပ်ဒေသသို ဇလန်းစကီး ပထမဆုံးအကြိမ် သွားရောက်

၂။ သီရိလင်္ကာက ၃၅ နိုင်ငံကို ဗီဇာ ကင်းလွတ်ခွင့်ပြု

၃။ ရုရှားတွေဟာ ရှုပ်ထွေးလှတဲ့ကွပ်ကဲကြီးကြပ်မှုစနစ်ကြောင့် ယူကရိန်းထိုးစစ်ကို အသည်းအသန် ကာကွယ်နေရကြောင်း ISW ပြော

၄။ ထိုင်းရဲအရာရှိကြီးသုံးဦး ပုံမှန်မဟုတ်ဘဲ ချမ်းသာကြွယ်ဝနေတာကို စစ်ဆေးတွေ့ရှိရကြောင်း NACC ပြောကြား

၅။ ဆင်းရဲချိုတဲ့အုပ်စုကို ပထမဦးစားပေးပြီး အွန်လိုင်းငွေကြေး ဘတ်ငွေ ၁၀၀၀၀ အစီအစဉ် စက်တင်ဘာလတွင် စတင်ထောက်ပံ့မည်

၆။ သမ္မတသား ရွေးကောက်ပွဲဝင်၍ရအောင် သမ္မတလောင်း အသက်ကန့်သတ်ချက်ပြင်ဆင်ခဲ့သည့်အတွက် အင်ဒိုနီးရှားတွင် ဆန္ဒပြမှုများဖြစ်ပွား

အားကစားသတင်းများ

၁။ မြန်မာ ယူ-၁၂ အသင်း၏ နောက်ဆုံးပွဲစဉ်အတွင်း ဂျပန်ကလပ်အသင်းကို အနိုင်ရလဒ် ထပ်မံထွက်ပေါ်

၂။ ချင်းရိုင်အသင်းက မြန်မာပရိတ်သတ်များကို စွဲဆောင်ရန် လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ ပုံရိပ်များကို အသားပေးဖော်ပြနေ

၃။ ရိုးရာ လက်ဝှေ့ကျော် အဲမွီ One နှင့် ပထမဆုံး ပွဲစဉ်တွင် ဂျပန်ဖိုက်တာကို အလဲထိုးကာ ဘောနပ် (၃) သိန်းခွဲပါ ရယူ

၄။ အပြောင်မြောက်ဆုံး ထိုးချက်များနှင့် ထိုင်းမြေတွင် ထိုဂ်းဖိုက်တာကို အနိုင်ယူပြလိုက်သည့် ရိုးရာဖိုက်တာသွေးလင်းထက်

၅။ စင်ကာပူအမျိုးသမီးကွင်းလယ်ကစားသမားကို အင်္ဂလန်ကလပ်အသင်း‌ခေါ်ယူ စင်ကာပူဘောလုံးသမိုင်းတွင် ပထမဆုံး မှတ်တမ်းဝင်

အနုပညာသတင်းများ

၁။ ဒီဇိုင်နာဆိုတာ သူများဟာကို ထပ်တူခိုးချရတာမျိုးမဟုတ်ဘူး ကိုယ့်စိတ်ကူးနဲ့ ကိုယ့်စတိုင်ထည့်ပြီး လုပ်ရတာပါဆိုတဲ့ ဒီဇိုင်နာ ပြည်စိုးအောင်

၂။ မဟာရုပ်သံဇာတ်လမ်းတွဲက ပြသမယ့် ပညာပေးဇာတ်လမ်းပုံစံ “ပျိုးဥယျာဉ်”ရုပ်သံဇာတ်လမ်းတွဲအတွက် မျက်နှာသစ်သရုပ်ဆောင်ခေါ်ယူနေ

၃။ ၁၅၀၀ တန် ဆင်းကတ်ကိုင်ပြီး သူများမကောင်းပြော တိုက်ခိုက်နေတဲ့သူတွေနဲ့ ရန်ဖြစ်နေလို အဓိပ္ပာယ်မရှိဘူးလို ပြောလိုက်တဲ့ ခင်စန်းဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မဟာရုပ်သံဇာတ်လမ်းတွဲ“ပျိုးဥယျာဉ်”ဇာတ်လမ်းတွဲအတွက် မျက်နှာသစ်သရုပ်ဆောင် ခေါ်ယူနေ