(၇-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၇-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်နေကြောင်း နစက ဒုဥက္ကဋ္ဌ ပြောကြား

၂။ အမေရိကန်ရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပြည်နှင်ဒဏ်မခံရမီ ကြိုတင်ထွက်ခွါရန် မြန်မာသံရုံး ထုတ်ပြန်

၃။ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဖြစ်လာစေရေးအတွက် ယခုနှစ် မတ်လ ၃၁ ရက် မတိုင်မီ UNESCO သို တင်သွင်းမည်

၄။ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား အကူအညီပေးနိုင်ရေးနှင့် မိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

၅။ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိအောင် သတင်းပေးခဲ့သည့် တာဝန်သိပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ် ၁၈၄ သန်းကျော် ချီးမြှင့်ပေးသွားမည်

၆။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်းကို ဗဟိုဘဏ် ထုတ်ရောင်း

၇။ လူကုန်ကူးခြင်း၊ လူလူချင်းညှင်းပန်းနှိပ်စက်ခြင်းတိုကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည် ဖြစ်ကြောင်း DKBA ထုတ်ပြန်

၈။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၈၀ ကျပ်၊ Octane 95 – ၃၂၆၀ ကျပ်၊ Diesel – ၂၈၂၀ ကျပ်၊ Premium Diesel – ၃၄၈၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဂါဇာကို ထိန်းချုပ်သွားမယ်လို ထရမ့်ပြောကြားပြီးနောက်မှာ လူမျိုးတုံးရှင်းလင်းရေးမလုပ်ဖို ကုလအတွင်းရေးမှူးချုပ် သတိပေး

၂။ သမ္မတထရမ့်နှင့် သူ၏အစိုးရအဖွဲကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ အမေရိကန်တွင်ဖြစ်ပွား

၃။ အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်း၍ အရှိန်မြှင့်တိုက်ဖျက်မည်ဟု တရုတ်ပြော

၄။ တောင်ကိုရီးယားဝန်ကြီးဌာနတွေက DeepSeek အပ်ပ်ကို အသုံးပြုခွင့်ပိတ်ပင်

၅။ အမေရိကနှင့်ဆွေးနွေးမှုပိုမိုတိုးတက်လာဟု ခရမ္မလင်ပြော

၆။ CIA အပါအဝင် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများမှ ဝန်ထမ်းများအား အလုပ်ထွက်ကြရန် မက်လုံးများပေး၍ သမ္မတထရမ့်ကကမ်းလှမ်း

အားကစားသတင်းများ

၁။ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲအား ရန်ကုန်မြို ဥက္ကလာဂေါက်ကွင်း၌ သုံးရက်ကြာ ကျင်းပပြုလုပ်မည်

၂။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလ(၁၅) ရက်တွင် နီပေါနိုင်ငံသို ထွက်ခွာမည်

၃။ အခုနှစ်ရာသီမှာ VAR ဆုံးဖြတ်ချက် အမှားအယွင်း ၁၃ ကြိမ်ရှိခဲ့ကြောင်း ပရီးမီးယားလိဂ် ထုတ်ပြန်

၄။ ပရီးမီးယားလိဂ်ဟာ အခုရာသီမကုန်ခင်မှာ ပွဲစဉ်များအတွင်း လူကျွံဘောဖမ်းခြင်းကို အထောက်အကူဖြစ်စေမယ့် Semi-Automated နည်းပညာကို စတင်နိုင်တော့မှာဖြစ်

၅။ ဥရောပဘောလုံးအဖွဲချုပ် UEFA ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲများရဲ့ ရှုးထွက်အဆင့်ပွဲစဉ်များမှာ အချိန်ပိုကစားရတဲ့စနစ်ကို ဖျက်သိမ်းဖိုအတွက် ဆွေးနွေးမှုများလုပ်ဆောင်နေ

အနုပညာသတင်းများ

၁။ သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ကိုယ်စား မိခင်ဖြစ်သူ အကယ်ဒမီပွဲတက်မည်ဟု အသိပေး

၂။ ဂျပန်နိုင်ငံကို မာရသွန်သွားပြိုင်ဖို လေ့ကျင့်နေသလို သရုပ်ဆောင်ပိုင်းကိုလည်း သေချာစိစစ်ပြီးမှ ခြေစုံပစ်ဝင်မယ် ဆိုတဲ့ ဟန်လေး

၃။ အချစ်ဒရာမာ မေတ္တာတရားတွေ ပုံဖော်ထားတဲ့ “ချစ်၍ ချည်သောကြိုး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၂-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ကိုယ်စား မိခင်ဖြစ်သူ အကယ်ဒမီပွဲတက်မည်ဟု အသိပေး