သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ကိုယ်စား မိခင်ဖြစ်သူ အကယ်ဒမီပွဲတက်မည်ဟု အသိပေး 

ဒီနှစ် အကယ်ဒမီဆန်ကာတင်ဇာတ်ကားထဲမှာ ပါဝင်နေတဲ့ ပြည်ပရောက် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ဥက္ကာမင်းမောင်က သူ့ကိုယ်စား မိခင်ဖြစ်သူ အကယ်ဒမီပွဲတက်မယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

❝အကယ်ဒမီဖိတ်စာရပါပြီခင်ဗျာ.. ​မေကြီးက ကျွန်​တော့်ကိုယ်စားပွဲတက်ပါလိမ့်မယ်.. ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကိုလဲ ​ဖိတ်စာစီစဥ်​ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..​❞ ဆိုပြီး ရေးသားထားသလို❝မေကြီးက ​​Gay တစ်​ယောက်ရဲ့ မိခင်အ​နေနဲ့ LGBT ကိုယ်စားပြု မြန်မာ ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်မှာပါ.. ဒီဇိုင်း နဲ့ အိုင်ဒီယာက ကျွန်​တော်ကိုယ်တိုင်​မေကြီးအတွက်ဒီဇိုင်းဆွဲပြီး ဒီဇိုင်နာ မစုစုခိုင်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာနဲ့ပေါင်းစပ်ပြီး ​ဖန်တီးထားတာ..❞ လို့လည်း ရေးသားထားပါတယ်။

ဒါ့အပြင် ဥက္ကာမင်းမောင်က ❝တနိုင်ငံလုံးက LGBT မိဘ​တွေအတွက်လဲ ကိုယ့် သားသမီးက LGBT ဖြစ်လာရင် အောင်မြင်​ရေး လမ်း​ကြောင်း​ပေါ်​ရောက်​အောင် တွန်းပို့​ပေးဖို့ နဲ့ ကိုယ့်သားသမီးက Gay ဖြစ်​​နေပေမယ့် ကိုယ့်သားရဲ့ဖြစ်တည်မှုကို အပြည့်အဝ Support လုပ်​ပေးတဲ့ အ​နေနဲ့ တနိုင်ငံလုံးက မိဘ​တွေကိုလဲ ကိုယ့်သားသမီး LGBT ဖြစ်​နေခြင်းကို လက်ခံ​ပေးဖို့ ရည်ရွယ်ပြီး အဓိပ္ပါယ်​တွေအပြည့်နဲ့ ဒီအိုင်ဒီယာ​လေး လုပ်ဖြစ်သွားတာပါ.. ❞ လို့လည်း ဆိုပါတယ်။

အလားတူပဲ အကယ်ဒမီပေးပွဲကို သူကိုယ်တိုင် မြန်မာပြည်ပြန်ပြီး ပွဲမတက်တာဟာ မ​လေးစားလို့လုံးဝမဟုတ်ဘဲ ပန်ဆယ်လို (အမေရိကန်ရောက် အကြမ်းဖက်ထောက်ပို့လုပ်နေသူ) နဲ့ ဂယက်​တွေစဖြစ်ကတည်းက သူအပါအဝင် သူ့မိသားစုရဲ့ အသက် အန္တရာယ်ကို ခြိမ်း​ခြောက်ခံရတာကြောင့် မြန်မာပြည်ကို ပွဲတက်ဖို့ မပြန်လာဖြစ်ကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။

ယခုနှစ်ပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲအတွက် ဆန်ကာတင်ရွေးချယ်ထားတဲ့ ရုပ်ရှင်ကား ၁၈ ကားထဲမှာ ဥက္ကာမင်းမောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ❝မရဲ့ အေးခဲသွားကြသူများ❞ ရုပ်ရှင်ကားလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အမေရိကန်တွင်ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပြည်နှင်ခြင်းမခံရမီ ကြိုတင်ထွက်ခွာကြရန် မြန်မာသံရုံးအသိပေး