အကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမယ့်လည်း ဇာတ်ပို့ကောင်လို့ အခေါ်ခံရလို့ စိတ်မကောင်းဖြစ်ရတဲ့ မာန်ဟိန်း

MRTV 4 မှာ လက်ရှိပြသနေတဲ့ မယ်ချိုဇာတ်လမ်းတွဲက ပရိသတ်တွေကြားထဲမှာအရမ်းကို လူကြိုက်များနေပါတယ်။မာန်ဟိန်းကတော့ မယ်ချိုဇာတ်လမ်းတွဲမှာ မယ်ချိုရဲ့အစ်ကို ရေချမ်း နေရာကနေ သရုပ်ဆောင်ထားပါတယ်။ မယ်ချို ဇာတ်လမ်းတွဲမှာတော့ ရေချမ်းက အရမ်းချစ်ကြတဲ့မောင်နှမနှစ်ယောက်အဖြစ် ခေါင်းဆောင်မင်းသမီး ဝိုင်းရွှေရည်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။မာန်ဟိန်းက MRTV 4 မှာ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အရင်တုန်းကတော့ ခေါင်းဆောင်မင်းသား/မင်းသမီးတွေကိုအတွက် ဇာတ်ပို့ပေးရသူအဖြစ် ကျရာအခန်းကဏ္ဍကနေ သရုပ်ဆောင်ပြီး အကောင်းဆုံးလုပ်ပေမယ့်လည်း မင်းသား/မင်းသမီးတွေသာ နာမည်ကြီးအောင်မြင်သွားတယ်လို့ ၄င်းက ဆိုပါသည်။

သနားစရာကောင်းတာကြောင့် အားလုံးကလည်း သူ့ကိုသရုပ်ဆောင်ကောင်းတဲ့အကြောင်း အသိအမှတ်ပြုကြပါတယ်။ ဒါပေမယ့် အချို့ကလည်း သူ့ကို ဇာတ်ပို့ကောင်၊ ဇာတ်ရံကောင်ဆိုပြီးတော့ နှိမ်ကြသလို ဘယ်တော့မှ ခေါင်းဆောင် မင်းသားဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ အထင်သေးကြပါတယ်။

မာန်ဟိန်းက သူလုပ်ရမယ့်အလုပ်ကို ပီပြင်အောင် လုပ်ပေမယ့်လည်း ဒီလိုပြောတဲ့စကားတွေ ကြားရတာကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ ရေချမ်းနေရာမှာဆိုလည်း သရုပ်ဆောင်ရတာက အခြားနေရာနဲ့မတူဘဲ အရမ်းကို ပင်ပန်းခဲ့ပါတယ်။ ဝိုင်းရွှေရည်က သရဲခြောက်တဲ့ ဇာတ်ဝင်ခန်းတွေများတာကြောင့် ပင်ပန်းသလို ရေချမ်းကလည်း ဒီလိုဇာတ်ဝင်ခန်းတွေကိုပဲ သရုပ်ဆောင်တာကြောင့် ပင်ပန်းတာချင်းက အတူတူပဲဖြစ်ခဲ့ပါတယ်” ၄င်းက ပြောဆိုလာပါသည်။

အဲဒီဇာတ်လမ်းတွဲကို ရိုက်ကူးနေရင်းနဲ့ နေမကောင်းဖြစ်တာကြောင့် ခဏလောက်အနားယူရတာတောင် ရှိခဲ့ပါတယ်။ မာန်ဟိန်းက သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာကြောင့် သူကျရာဇာတ်ရုပ်ကို တာဝန်ကျေအောင် သရုပ်ဆောင်တတ်ပါတယ်။ မင်းသမီးကို ဦးစားပေးတဲ့ဇာတ်ဖြစ်ပေမယ့်လည်း မာန်ဟိန်းကတော့ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ မာန်ဟိန်းက မယ်ချိုကိုလည်း နာမည်ကြီးအောင်လို့ ဇာတ်ပို့ခဲ့သလို မေမီကိုကို၊ သုတအောင် တို့ကိုလည်း အောင်မြင်အောင် ဇာတ်ပို့ပေးခဲ့ပါတယ်။ သူတို့အောင်မြင်သွားပေမယ့်လည်း မာန်ဟိန်းကတော့ ကျန်နေခဲ့ရပါတယ်။ ကျန်နေခဲ့တဲ့အပြင် သူ့ကို ဇာတ်ပို့ဆိုပြီးတော့ပြောကြတာကြောင့် ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။

မာန်ဟိန်းက ဗီလိန်နေရာကို ပီပြင်အောင် သရုပ်ဆောင်ပြီး ပံ့ပိုးပေးမှ တစ်ဘက်က ဇာတ်ဆောင်ရဲ့ဇာတ်ရုပ်ကလည်း ပိုပြီးတော့ ပီပြင်လာမှာပါ။ မာန်ဟိန်းက သူ့ကို ကဲ့ရဲ့သူတွေ ရှိပေမယ့်လည်း ဒီအလုပ်ကို စိတ်မပျက်ဘဲ ဆက်ကြိုးစားသွား မှာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မာန်ဟိန်းကို ခေါင်းဆောင်မင်းသားနေရာကနေ သရုပ်ဆောင်တာကို မြင်တွေ့ချင်နေကြပါတယ်။ မာန်ဟိန်းက တကယ်သရုပ်ဆောင်တာကောင်းကြောင်းကိုတော့ မယ်ချိုဇာတ်လမ်းတွဲနဲ့တင် အားလုံးက လက်ခံသွားကြ ပါတယ်။

မာန်ဟိန်းက ဘောလုံးကို ဝါသနာပါတာကြောင့် ဘောလုံးရုပ်ရှင်ကို သိန်းထောင်ချီအကုန်အကျခံပြီးတော့ ရိုက်ကူးနေပါ တယ်။ အချိန်ပိုဆိုတဲ့ ဘောလုံးရုပ်ရှင်ဇာတ်ကားကို သူကိုယ်တိုင်သရုပ်ဆောင်သွားမှာဖြစ်သလို သူကိုယ်တိုင် ထုတ်လုပ်သူ အဖြစ် ပါဝင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ပဲခူးတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့ နယ်လျှင် လူ၂၀ နှုန်း အဓမ္မလူစုဆောင်း နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်သတင်း ရေးသား