(၂၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဟု ကြေညာပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဒေါ်လာ ၉၉ သန်းကျော် ဗဟိုဘဏ် ထုတ်ရောင်းပေးထား

၂။ ကယားပြည်နယ်တွင် တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

၃။ ဆန်အဟောင်း၊ စပါးအဟောင်းနှင့် နွေစပါးဆန်အသစ်များလည်းရှိသည့်အတွက် ပြည်တွင်းဆန် ဖူလုံမှု အပြည့်အဝရှိ၍ စိုးရိမ်စရာမရှိဟု ဆို

၄။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSSP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

၅။ လေကြောင်းတိုက်ခိုက်ခံနေရသည့် ကျောက်မဲသို မိုးကုတ် PDF များကို TNLA က ပြောင်းပိုနေ

၆။ မန္တလေးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတိုအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ

၇။ တောင်သာမြိုနယ် နတ်စောင့်ဓာတ်အားခွဲစက်ရုံကို စစ်သွေးကြွတွေ ဖောက်ခွဲဖျက်ဆီး၊ ဓာတ်အားခွဲရုံ တာဝန်ခံ၏ မိသားစုဝင် (၆)ဦးကိုပါ မီးရှိသတ်ဖြတ်သွား

၈။ ဩဂုတ်လ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၈၇၆,၄၁၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၉၀ ကျပ်၊ Octane 95 – ၃၁၄၀ ကျပ်၊ Diesel – ၂၆၂၀ ကျပ်၊ Premium Diesel – ၃၂၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အိန္ဒိယ၌ ဆရာဝန်များက သပိတ်လှန်ရန်ငြင်းဆို

၂။ အစကောင်းနေသည့်ထိုင်းဝန်ကြီးချုပ်သစ်

၃။ သူသမ္မတဖြစ်လာပါက အီလွန်မတ်စ်ကို အကြံပေးအဖြစ်ထားလိုဟု ထရမ့်ပြော

၄။ ဂျပန် လေဆိပ်တွင် ကတ်ကြေး ပျောက်မှုကြောင့် လေယာဉ်ခရီးစဉ် ၃၆ ခု ဖျက်သိမ်း

၅။ ထိုင်းနိုင်ငံကျောင်းများတွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကိရိယာများအသုံးပြုမှု ထိန်းချုပ်ရန်စီစဉ်

၆။ ရုရှားနိုင်ငံထဲက စစ်ဆင်ရေးမှာအသုံးပြုဖို ATV ယာဉ်တွေ၊ Drone တွေ၊ EW စနစ်တွေ ယူကရိန်းလက်ခံရရှိ

အားကစားသတင်းများ

၁။ မြန်မာ ယူ – ၁၂ အသင်း အုပ်စုပွဲဦးထွက် တစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်

၂။ အာဒိုဂန် ကို ရိုတ်ချိုးပစ်မယ်လို ကြုံးဝါးလိုက်တဲ့ အောင်လအန်ဆန်း

၃။ ယူနိုက်တက်အသင်းရဲ့ Old Trafford ကွင်းကို သွားရောက်လည်ပတ်ခဲ့တဲ့ မြန်မာမင်းသမီးချောလေး ယုသန္တာတင်

၄။ မြဝတီ အမျိုးသမီးအသင်းရဲ့ 2024–25 AFC Women’s Champions League Preliminary Stage အမျိုးသမီး အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စုပွဲစဉ်ဇယား ထွက်ပေါ်

၅။ ယနေ့ ကျင်းပတဲ့ Professional Boxing ပြိုင်ပွဲကို ဂျပန်နိုင်ငံတကာဒိုင်ချုပ်ကိုယ်တိုင် တာဝန်ယူဆောင်ရွက်

အနုပညာသတင်းများ

၁။ ‘မင်းသားတစ်ယောက်ကို ကြည့်မရတဲ့ အကြောင်း ဒဲ့ပဲ ပြောခဲ့ဖူးတယ်။ ကိုယ့်ကို ဘာမှ လာမလုပ်ပေမယ့် သူဘယ်လို နေနေ ကိုယ့်မျက်စိထဲမှာ ဒေါင့်မကျိုးနေဘူး’ လို ပြောလာတဲ့ ညိုမင်းလွင်

၂။ ကိုနေထက်လင်းရဲ့အောင်မြင်မှုကြီးက မိဘတွေကအစ ကိုယ့်ကလေးနာမည်တွေပေးတဲ့အထိပါပဲလို ပြောလာတဲ့ နေဝန်း

၃။ အနုပညာအလုပ်က ကိုယ်ချစ်မြတ်နိုးရတဲ့အရာမို ပြန်လုပ်ဖြစ်တာပါဆိုတဲ့ နေခြည်ရွှန်းလက်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သဘင်သည်မြနှင်းဆီရုပ်ရှင်ထဲက မြစန်းကြည် ဇာတ်ရုပ်ကြောင့် Trailer နဲ့တင် ပရိသတ်တွေ အကယ်ဒမီ ပေးနေပြီ ဖြစ်တဲ့ မေမီကိုကို
Next post အကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမယ့်လည်း ဇာတ်ပို့ကောင်လို့ အခေါ်ခံရလို့ စိတ်မကောင်းဖြစ်ရတဲ့ မာန်ဟိန်း