သဘင်သည်မြနှင်းဆီရုပ်ရှင်ထဲက မြစန်းကြည် ဇာတ်ရုပ်ကြောင့် Trailer နဲ့တင် ပရိသတ်တွေ အကယ်ဒမီ ပေးနေပြီ ဖြစ်တဲ့ မေမီကိုကို

ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ မြိုင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မေမီကိုကိုက အခုတော့ သဘင်သည်မြနှင်းဆီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ထားပါတယ်။ သဘင်သည်မြနှင်းဆီရုပ်ရှင်ဇာတ်ကားရဲ့ Trailer ကလည်း အခုပတ် အတွင်းထွက်ရှိလာပြီး မြစန်းကြည် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားသော သရုပ်ဆောင် မေမီကိုကိုရဲ့ ကာရိုက်တာ အကြောင်းကို trailer ထွက်ရှိပြီး တစ်နာရီအတွင်းမှာ ပရိသတ်တွေ ရင်ထဲကိုရောက်ရှိသွားစေပြီး အားပေးထောက်ခံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

” သဘင်သည်မြနှင်းဆီ : THE BEGINNING ” ရဲ့ 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 𝐓𝐑𝐀𝐈𝐋𝐄𝐑 လေးဟာ ချစ်သောပရိသတ်များရဲ့ ဝန်းရံ အားပေး မှုကြောင့် ၂၄ နာရီမပြည့်ခင်မှာပဲ Organic Reach 1M ( 1,000,000 ) Views ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်း မှာ သဘင်သည်မြနှင်းဆီတစ်ယောက် ရုံပိတ်ကားထက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် မေမီကိုကို ရဲ့သရုပ်ဆောင်ချက်တွေက အပိုအလိုမရှိ ကွက်တိဖြစ်နေပြီးတော့ ကောင်းမွန်နေတာကြောင့် ဒီနှစ် အတွက် အကယ်ဒမီ ရနိုင်တယ်လို့ ပရိသတ်များကလည်း ထင်ကြေးပေးခံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်