ပဲခူးတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့ နယ်လျှင် လူ၂၀ နှုန်း အဓမ္မလူစုဆောင်း နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်သတင်း ရေးသား

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဲကုန်း၊ အုတ်ဖို၊ နတ်တလင်းစသည့်မြို့နယ်များတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့ နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေကြောင်း၊ ညဘက် လူအိပ်ချိန်တွင် အိမ်ထဲထိဝင်ရောက် ဆွဲခေါ်နေကြောင်း၊ အသက်မပြည့် သေးသောသူများ လည်း ပါဝင်နေကြောင်း၊ စစ်မှုထမ်းကာလ ၅ နှစ် တာဝန် ထမ်းဆောင်ရန် လက်မှတ်ရေးထိုးခိုင်းနေကြောင်း စသည်ဖြင့် မဟုတ်မမှန်ဝါဒဖြန့် သတင်းများကို ပြည်ဖျက်မီဒီယာ DVB က အခြေအမြစ်မရှိဘဲ ရေးသားဖြန့်ဝေနေသည်ကို သိရသည်။

အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာနှင့် နိုင်ငံကိုအလုံးစုံပျက်သုဉ်း စေလိုသူ အကြမ်းဖက်၊ လောက်ကောင်များ က လူငယ်လူရွယ်များကို လမ်းမှားရောက် စေရန်အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)အထိ အောင်မြင်စွာဖွင့်လှစ်သင်ကြားနိုင်လျက်ရှိပြီး ပြည်သူ့ စစ်မှုထမ်းသင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များသည် တာဝန်ကျရာတပ်ရင်း တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေသည်မှာ မငြင်းနိုင်သည့် အမှန်တရား ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများကို အသိအမြင်လွဲမှားစေရန်၊ စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ရေးသားထုတ်လွှင့်ခြင်းသာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာသတင်းမှန်များ ကိုလည်း နိုင်ငံပိုင် မီဒီယာများမှ စဉ်ဆက် မပြတ်ထုတ်လွှင့်ပေးနေလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမယ့်လည်း ဇာတ်ပို့ကောင်လို့ အခေါ်ခံရလို့ စိတ်မကောင်းဖြစ်ရတဲ့ မာန်ဟိန်း
Next post (၂၁-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ