Box office Queen ရှဒါးကပူး

သြဂုတ်လ ၁၅ရက်မှာ အရှေးကူမား၊ ဂျွန်အဗရာဟမ်တို့လို ထိပ်တန်းမင်းသားတွေရဲ့ ရုပ်ရှင်တွေနဲ့ အပြိုင်ရုံတင်ခဲ့တဲ့ ရှဒါးကပူး ရဲ့ Stree 2 က ပထမရက်ဝင်ငွေ ၅၅ ကုဋေရပြီး ၂၀၂၄ ခုနှစ်ရဲ့Box office စံချိန်အားလုံးကို ကျော်ဖြတ်သွားပါတယ်။ Stree 2 ဟာ ၂၀၂၄ ရဲ့ ပထမရက် ဝင်ငွေအများဆုံးရတဲ့ ရုပ်ရှင်ဖြစ်သလို ဘောလီးဝုဒ်သမိုင်းမှာလည်း Jawan ပြီးရင် ပထမရက်ဝင်ငွေ အများဆုံးရ ဒုတိယမြောက် ရုပ်ရှင် ဖြစ်ပါတယ်။

Stree 2 နဲ့ အပြိုင်ရုံတင်တဲ့ အရှေးကူမားရဲ့ Khel Khel Mein ကတော့ ပထမရက် ဝင်ငွေ ၅ကုဋေ ကျော်ပဲ ရတာမို့ ရှုံးဖို့များ သွားပါပြီ။ ဂျွန်အဗရမ်ရဲ့ Vedaa က ၇ ကုဋေ ကျော် ရထားလို့ အရှေးထက် နည်းနည်းပိုပြီးတော့ အခြေအနေကောင်းပေမယ့် Stree 2 နဲ့ကျအများကြီး ကွာနေပါတယ်။ Stree 2 ဟာ တနေ့ညက preview ပွဲစဉ်တွေပါထည့်ပေါင်းရင် worldwide ကုဋေ၇၀ ကျော် ရထားလို့ အိန္ဒိယရုပ်ရှင်သမိုင်းမှာ မင်းသမီးအထူးပြုရိုက်တဲ့ ဇာတ်ကားတွေထဲ ဝင်ငွေအများဆုံးရတာကြောင့် ရှဒါးကပူးကို Box office Queen လို့ မီဒီယာတွေနဲ့ ဖန်တွေက ရေးသားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနီးတွင် ရေနစ်သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
Next post ထိုင်းနိုင်ငံအထိ ပွဲသွားတက်ပေမယ့်လည်း စင်အောက်မှာ ငိုနေခဲ့တဲ့ ဖြူဖြူထွေး