ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနီးတွင် ရေနစ်သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနီး ရေထဲတွင် ရေနစ်သေဆုံးနေသည့် အမျိုးသမီး (၁)ဦး ရုပ်အလောင်းတွေ့ရှိခဲ့ရာ ဆယ်ယူပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၁၇) ရက်၊ နေ့လယ်ပိုင်းက နဂါးကျွန်းအနီး ရေထဲတွင် ရေနစ် သေဆုံးနေသည့် အမျိုးသမီး (၁)ဦး ရုပ်အလောင်းပေါ်နေသဖြင့် လာရောက်ဆယ်ယူရန် ဒီဃာယုက လူမူကူညီရေးအသင်းသို့ ဖုန်းဆက် အကြောင်းကြားချက် အရ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းတွေ့ရှိမှုကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဗဟန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားကာ လိုအပ်သည်များ လုပ်ဆောင်ပြီး ရုပ်အလောင်းကို ဒီဃာယုကလူမူကူညီရေးအသင်းမှ ဆယ်ယူကာ ရင်ဘက်တူ လူမှုကူညီရေး အသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီးမှာ စိတ်ကျရောဂါကဲ့ သို့ ခံစားနေရသူဖြစ်ကြောင်းနှင့် အလုပ်သင်ဆရာဝန် တစ်ဦး ဖြစ်သည်ကို ၎င်း၏ ဖခင်ရောက်ရှိလာမှသာ သိရှိရကြောင်း၊ မည်သည့် အချိန်တွင် ခုန်ချသွားသည်ကို မသိရှိရဘဲ အလောင်း ပေါ်မှသာ သိရှိ၍ ဆယ်ယူကာ လိုအပ်သည်များ ကူညီပေးခဲ့ကြကြောင်း လူမှုကူညီရေးအသင်းများက ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လှိုင်သာယာ ငွေပင်လယ် စက်မှုဇုန်မှာ မီးလောင်မှုဖြစ်ပွား
Next post Box office Queen ရှဒါးကပူး