လှိုင်သာယာ ငွေပင်လယ် စက်မှုဇုန်မှာ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ငွေပင်လယ်(၂) လမ်းရှိ ထိုင်ဝမ်နိုင်ငံသား ပိုင်ဆိုင်သော Sewell Garment(Myanmar)Indistrial Co.,Ltd အထည်ချုပ်စက်ရုံတွင် သြဂုတ်လ ၁၈ရက် နံနက်အစောပိုင်း က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ ဩဂုတ် ၁၈ ရက်သို့အကူး ည ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး Level 2 ယာဥ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကာ နံနက် ၂ နာရီ ၂၂ မိနစ်တွင်မှ မီးထိန်းနိုင်ခဲ့ပြီးအလျား ၁၁၀ ပေ၊ အနံ ပေ ၂၂၀ ရှိ Steel Structure ၁ ထပ်အထည်ချုပ်စက်ရုံ မီးလောင်သည်ကို နံနက် ၂ နာရီ ၃၇ မိနစ်တွင်မှ ငြှိမ်းသတ်နိုင်ခဲ့၍ အချိန် ၂ နာရီခန့်ကြာ မီးလောင်ခဲ့ကြောင်း သိရသည်။

“မီးကတော်တော်များတယ်။ စက်ရုံတစ်ရုံလုံးနီးပါး လောင်သွားတာ။ လူထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိပါဘူး ” ဟု မီးငြှိမ်း သတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

Sewell အထည်ချုပ်စက်ရုံ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂၁ စီး၊ ရေသယ်ယာဥ် ၁၈ စီး၊ အထောက်အကူပြုယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၅ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၃၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင် ရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုပမာဏကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနီးတွင် ရေနစ်သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ