ထိုင်းနိုင်ငံအထိ ပွဲသွားတက်ပေမယ့်လည်း စင်အောက်မှာ ငိုနေခဲ့တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးက အခုဆိုရင် ပြည်တွင်းမှာသာမက ထိုင်းနိုင်ငံမှာပါ ကျော်ကြားနေပြီဖြစ်ပါတယ်။ တစ်ချိန်က ကျောင်းကပွဲတစ်ခု မှာ ကျွမ်းထိုးပြီးတော့ ကပြဖျော်ဖြေခဲ့တဲ့ ဖြူဖြူထွေးကို နိုင်ငံကျော် ကြော်ငြာမင်းသမီး တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပါဘူး။ နှစ်အနည်းငယ်အတွင်း ကြော်ငြာမင်းသမီးဖြစ်လာတဲ့ ဖြူဖြူထွေးဟာ အခုအချိန်မှာတော့ ထိုင်းနိုင်ငံအထိပါ ပွဲအခမ်းအနားတွေကို တက်ရောက်နေရပါပြီ။

ထိုင်းနိုင်ငံက အလှကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ I’aura ကုမ္ပဏီက ဖြူဖြူထွေးကို ကြော်ငြာရိုက်ကူးပေးဖို့ လွန်ခဲ့တဲ့နှစ်က ကမ်းလှမ်းခဲ့တာကြောင့် ဘန်ကောက်အထိသွားပြီး I’aura CEO တွေနဲ့အတူ ရိုက်ကူးခဲ့ပါတယ်။ ဒီနှစ်မှာလည်း I’aura ကုမ္ပဏီရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲကို ဖြူဖြူထွေးက ထိုင်းအထိ တက်ရောက်ခဲ့ပါတယ်။

ဖြူဖြူထွေးရဲ့အမေက ပွဲတိုင်းကို အမြဲတမ်းလိုက်ပေမယ့်လည်း ထိုင်းကိုတော့ မလိုက်ဘဲ ဖြူဖြူထွေးတစ်ယောက်ပဲ တက်ခဲ့တာပါ။ အမေပါရင် စိတ်လုံခြုံတယ်ဆိုတဲ့ဖြူဖြူထွေးက အမေမလိုက်တဲ့ ထိုင်းပွဲမှာတော့ စင်အောက်မှာတင် ငိုနေခဲ့ရပါတယ်။

ဖြူဖြူထွေးက ပွဲကိုလာတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေပြီး ပရိသတ်တွေနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ခဲ့ပါသေးတယ်။ ထိုင်းမှာလည်း ဖြူဖြူထွေးပရိသတ်တွေရှိတာကြောင့် သူ့ကို အရမ်းအားပေးကြပြီး ဆွေမျိုးအရင်းတစ်ယောက်ကို ပြန်တွေ့ ရသလို ဝမ်းသာနေကြပါတယ်။ ဒီပွဲကိုတော့ ပိုင်တံခွန်၊ နေဆန်း၊ သဲစုညိမ်းတို့လို့ နာမည်ကျော်တွေလည်း တက်လာခဲ့ပါတယ်။ သဲစုညိမ်းက မကြာခင်မှာတော့ အလှမယ်ပြိုင်ပွဲယှဉ်ပြိုင်တော့မှာဖြစ်လို ထိုင်းမှာလည်း နာမည်ကြီးနေတာကြောင့် ပရိသတ် တွေ ရနေပါတယ်။

မင်းသားဖြစ်တဲ့ ပိုင်တံခွန်အပြင် အလှမယ် သဲစုညိမ်း၊ နေဆန်းတို့အပြင် အခြားနာမည်ကျော်တွေလည်း တက်ရောက်လာခဲ့ ကြပါတယ်။ ပွဲကို ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာပရိသတ်တွေကလည်း လာရောက်ခဲ့ကြပြီး မဲနှိုက်ပြီး ပန်းစီးပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီပွဲတက်လာတဲ့ ပရိသတ်တွေကို မဲဖောက်ပေးဖို့အတွက် ပွဲတက်လာတဲ့အနုပညာရှင်တွေ တစ်ယောက်ချင်း မဲနှိုက်ပေးရမှာဖြစ်ပြီး မဲပေါက်တဲ့ ပရိသတ်နဲ့ မဲနှိုက်တဲ့ အနုပညာရှင်က ဓာတ်ပုံတွဲရိုက်ရမယ်လို့ meeting မှာကတည်းက ပြောထားခဲ့ပါတယ်။ ဒါပေမယ့်လည်း စီစဉ်သူက လိုအပ်ချက်ရှိသွားခဲ့ပါတယ်။ ဖြူဖြူထွေးက မဲနှိုက်ပေးပြီးတော့ ပရိသတ်တွေတစ်ယောက်က မဲပေါက်သွားခဲ့ပါတယ်။ ဖြူဖြူထွေးနဲ့ မဲပေါက်တဲ့သူနဲ့ ဖြူဖြူထွေးက တွဲပြီး ဓာတ်ပုံရိုက်ရမှာ ဖြစ်ပေမယ့် မဲပေါက်တဲ့သူက ဖြူဖြူထွေးကို မခေါ်ဘဲ သဲစုညိမ်းနဲ့ နှုတ်ဆက်နေခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ နှုတ်ဆက်ဖို့ လက်ကမ်းနေပြီး လက်ကို ပြန်သိမ်းလိုက်ရပါတယ်။ စင်ပေါ်မှာ လူအများကြည့်နေချိန်ဖြစ်တာကြောင့် ဖြူဖြူထွေးက အရမ်းရှက်သွားခဲ့ပါတယ်။

အဲဒါကြောင့် စင်အောက်ရောက်တာနဲ့ ဖြူဖြူထွေးက ငိုချလိုက်ပါတယ်။ ပွဲထဲမှာတင် ဟန်မဆောင်နိုင်ဘဲ ငိုချလိုက်တဲ့ ဖြူဖြူထွေးကိုတော့ အချို့တွေက မရင့်ကျက်လိုက်တာဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဖြူဖြူထွေးက အောင်မြင်နေ ပေမယ့်လည်း စိတ်က နုနယ်သေးတာကြောင့် စိတ်ခံစားချက်တွေကို မထိန်းနိုင်ဘဲ စင်အောက်မှာတင် ငိုမိသွားခဲ့ပါတယ်။ အခုတော့ ပွဲလည်းပြီးသွားပြီဖြစ်ပြီး သူ့ကို အားပေးသူတွေလည်း ရှိနေလို့ အဆင်ပြေသွားပြီလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Box office Queen ရှဒါးကပူး
Next post (၁၈-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ