MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန် ယှဉ်ပြိုင် ထိုးသတ်မည်
ဩဂုတ်လ ၁၅ ရက်
ဂျပန်နိုင်ငံ၏ ပရိုမိုးရှင်းပွဲတစ်ခုဖြစ်သည့် TTF Challenge 10 ပြိုင်ပွဲတွင် MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန်တို ဩဂုတ်(၁၆)ရက် ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ပြိုင်ဘက်နှစ်ဦးက (၆၄)Kg ဝိတ်တန်းအတွင်း (၅)မိနစ်ထိုး သုံးချီ စနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
တီရယ်ထန်နှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက် ဂျပန်ဖိုက်တာ နိုကီယူဒါမှာ အသက်က (၂၇) နှစ်ရှိပြီး၊ MMA ပွဲပေါင်း (၂၀) ထိုးသတ်ထားသည့်အနက် (၁၁) ပွဲနိုင် ၊ (၇)ပွဲရှုး ၊ (၂) ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။
တီရယ်ထန်မှာ ONE ၏ ပွဲဦးထွက်ပွဲစဉ်များတွင် အနိုင်ဆက်တိုက်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရှုံးပွဲများ ဆက်တိုက် ဖြစ်လာခြင်းကြောင့် ONE ၏ လမ်းခွဲခြင်းကို ခံထားရသူတစ်ဦးဖြစ်သည်။
More Stories
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု ဆွတ်ခူးရရှိခဲ့
အောက်တိုဘာလ ၂၉ ရက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ် ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆုတို့ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုလှေလှော်ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က...
အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ စပိန်လက်ရွေးစင် မန်စီးတီး ကွင်းလယ်လူ ရိုဒရီက Ballon d’Or ရရှိ
အောက်တိုဘာလ ၂၉ ရက်နေ့ ၂၀၂၄ ဇူလိုင်လက စပိန်အသင်းနဲ့အတူ ယူရိုဖလားရခဲ့သလို မန်ချက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပါ ရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ရိုဒရီဟာ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား Ballon d’Or ဆုရရှိသွားခဲ့ပါတယ်။ Ballon d’Or ဆုအတွက်...
အာရှယူ-၁၇ ခြေစစ်ပွဲကစားရန် မြန်မာယူ-၁၇ အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
အောက်တိုဘာလ ၂၁ ရက် အုပ်ချုပ်သူ ဦးစိုးမြတ်မင်း၊ နည်းပြချုပ် ဦးအောင်ဇော်မျိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးမြတ်မင်းသူ၊ ဦးထွန်းနောင်ဦး၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူ ဆောင်ရွက်ကြမည့် မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းသည် ၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲ...
ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ
စက်တင်ဘာလ ၁၃ ရက် ရေဘေးသင့်ပြည်သူများကို ကူညီရန်အတွက် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ်မှာ ယနေ့ အချိန်အထိ ကျပ်သိန်း (၄၀၀)အထိ ရရှိနေကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း က ပြောပါတယ်။ "အခုကျပ်သိန်း(၄၀၀)အထိ ရနေပါတယ်။...
ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ
စက်တင်ဘာလ ၁၃ ရက် ရေဘေးသင့်ပြည်သူများကို ကူညီရန်အတွက် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ်မှာ ယနေ့ အချိန်အထိ ကျပ်သိန်း (၄၀၀)အထိ ရရှိနေကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း က ပြောပါတယ်။ "အခုကျပ်သိန်း(၄၀၀)အထိ ရနေပါတယ်။...
ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာက ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထား
စက်တင်ဘာလ ၇ ရက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထားနိုင်တယ်လို့ သိရပါတယ်။ ထိုင်းဘုရင့်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းဟာ Mixed Regu Event (၅)...