Terminator ရုပ်ရှင်သစ်တစ်ကား ထပ်မံရိုက်ကူးမယ့် James Cameron

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်သူ ဒါရိုက်တာ James Cameron ဟာ ၎င်းဖန်တီးခဲ့တဲ့အထင်ကရ ရုပ်ရှင် franchise တစ်ခုကို နောက်တစ်ကြိမ်ပြန်လည်အသက်သွင်းတော့မယ့်ပုံပါပဲ။

ဒါရိုက်တာ James Cameron ရဲ့ ခေတ်လွန်သိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Terminator ဟာ ရုပ်ရှင်နယ်ပယ်မှာ အောင်မြင်မှုရရှိခဲ့ပြီး စုစုပေါင်း ရုပ်ရှင် ၆ ကားအထိ ထွက်ရှိကာ ဒါရိုက်တာ James Cameron က နှစ်ကားအထိ တာဝန်ယူ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ James Cameron ဟာ ပရိသတ်တွေအတွက် Terminator ရုပ်ရှင်တစ်ကားကို ဖန်တီးရိုက်ကူးသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါရိုက်တာ James Cameron က The Hollywood Reporter မဂ္ဂဇင်းနဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ Terminator ရုပ်ရှင်တစ်ကား ထုတ်လုပ်ဖို့ရှိကြောင်း မှတ်ချက်ပေးခဲ့ပေမယ့်လည်း အသေးစိတ်ကို ပြောပြဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကလည်း James Cameron ဟာ Terminator ရုပ်ရှင်တစ်ကားကို ရေးသားရိုက်ကူးဖို့ စကားသံပစ်ခဲ့ဖူးသလို ၂၀၂၃ မှာလည်း ဉာဏ်ရည်တုနည်းပညာရဲ့ အန္တရာယ်ကို Terminator ရုပ်ရှင်အဖြစ်ဖန်တီးဖို့လည်း ပြောခဲ့ဖူးပါသေးတယ်။

Terminator ရုပ်ရှင်များ

The Terminator (1984)

Terminator 2: Judgment Day (1991)

Terminator 3: Rise of the Machines (2003)

Terminator Salvation (2009)

Terminator Genisys (2015)

Terminator: Dark Fate (2019)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန် ယှဉ်ပြိုင် ထိုးသတ်မည်
Next post (၁၅-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီ ဈေးနှုန်းများ