လားရှိုးဆေးရုံကိုဝင်စီးပြီး လူအစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ MNDAA အဖွဲ့ရဲ့ လုပ်ရပ်ကို ဟာသပညာရှင်တွေ ရှုတ်ချ၊

ရှမ်းပြည်မြောက်ပိုင်း လားရှိုးက တပ်မတော်ဆေးရုံကို အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူ တွေကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် MNDAA အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)က ဆန္ဒဖော်ထုတ်ဖေါ်ခဲ့ကြပါတယ်။

ဒီကနေ့ ဩဂုတ်(၉)ရက်မနက်ပိုင်းက နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်က မြို့တော်ခန်းမရှေ့မှာ ဟာသ ပညာရှင်တွေ စုရုံးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ MNDAA နဲ့ အပေါင်းအပါအဖွဲ့များရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူ ရာနှင့်ချီပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့လူမဆန်တဲ့ လုပ်ရပ်ကိုလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဟာသ ပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် MNDAA နဲ့ ပူးပေါင်းအဖွဲ့များရဲ့ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ ရှမ်းပြည်မြောက်ပိုင်းက အပြစ်မဲ့အရပ်သား ပြည်သူတွေအတွက်ဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

“MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များ ချက်ချင်းရပ်၊ အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော MNDAA အကြမ်းဖက်အဖွဲ့အား အလိုမရှိ၊ အပြစ်မဲ့ပြည်သူများစွာကို ရက်စက်စွာသတ်ဖြတ်နေသည့် အကြမ်းဖက်များ အလိုမရှိ စသည့် MNDAA အကြမ်းဖက်အဖွဲ့ရဲ့ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ကြရတဲ့ ပြည်သူတွေရဲ့ပုံတွေ ရိုက်နိပ်ထားတဲ့ဗီနိူင်းပိုစတာ တွေကိုကိုင်ပြီး”အကြမ်းဖက်အဖွဲ့ကို အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်ပေးရး၊ ပြည်သူကို သတ်ဖြတ်နေသည့် အကြမ်းဖက်များ ကျဆုံးပါစေ၊မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ပြည်ဖျက်မိစ္ဆာတွေကို တိုက်ထုတ်ကြပါစို့”စတဲ့ ကြွေးကြော်သံတွေကို ဟစ်အော် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုးညိုမြို့နယ်၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ရေဘေးသင့်ပြည်သူ (၁၁၈)ဦးအတွက် ဆန် (၃၅)အိတ်နှင့် အာဟာရမုန့်များ လှူဒါန်း
Next post ကွမ်းယာရောင်းသည့် အမျိုးသားတစ်ဦးကို PDF နှစ်ဦးက လာရောက်သတ်ဖြတ်မှု နွားထိုးကြီးတွင် ဖြစ်ပွား