ကွမ်းယာရောင်းသည့် အမျိုးသားတစ်ဦးကို PDF နှစ်ဦးက လာရောက်သတ်ဖြတ်မှု နွားထိုးကြီးတွင် ဖြစ်ပွား

ကွမ်းယာရောင်းသည့် အမျိုးသားတစ်ဦးကို PDF နှစ်ဦးက လာရောက်သတ်ဖြတ်မှု နွားထိုးကြီးမြို့တွင် ဩဂုတ် ၆ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လာသည်။ ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးဘိုဘိုထက်(၃၆)နှစ် သည် ရပ်ကွက်ရှိ ၎င်းပိုင် “ဂျမ်းဂျမ်း” ကွမ်းသီးနှင့် ကွမ်းရွက်အရောင်းဆိုင်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီး ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဘိုဘိုထက် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးဘိုဘိုထက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟုလည်း ဆိုပြီး ထို့အတွက်ကြောင့် PDF များက ဒလန်ဟု သတ်မှတ် သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း ဒေသတွင်းသတင်းများအရ သိရသည်။

၂၀၂၁ ခုနှစ်မှ ယခုနှစ် ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းလုံး၌ PDF များနှင့် EAOs များ၏ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် ရဟန်း၊ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရ​ကာ ပညာရေး၊ ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၀၉၃၀ လုံး ဖျက်ဆီးခြင်းခံခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုးဆေးရုံကိုဝင်စီးပြီး လူအစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ MNDAA အဖွဲ့ရဲ့ လုပ်ရပ်ကို ဟာသပညာရှင်တွေ ရှုတ်ချ၊
Next post MNDAA အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးကိုးကန့်တိုင်းရင်းသား မိသားစုများ ထုတ်ပြန်