မိုးညိုမြို့နယ်၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ရေဘေးသင့်ပြည်သူ (၁၁၈)ဦးအတွက် ဆန် (၃၅)အိတ်နှင့် အာဟာရမုန့်များ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၃၂)စု၊ လူဦးရေကျား(၅၉)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း(၁၁၈)ဦး တို့အတွက် ဆန်အိတ်(၃၅)အိတ်၊ ဘီစကစ်(၁၂)ဖာ၊ ကလေးအာဟာရမုန့် (၂)ဖာ၊ ကိုယ်ဝန်ဆောင်အာဟာရမုန့်(၂)ဖာတို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောအုပ်စု၊ ထိန်တောကျေးရွာရှိ သိဒ္ဓိကာရုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme)မှ လှူဒါန်းခြင်းဖြစ်ပါသည်။ ထိုသို့ ထောက်ပံ့လှူဒါန်း ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ Ma L Ja Lum (အကြီးတန်းစီမံကိန်းအရာရှိ)ဦးဆောင်သည့် အဖွဲ့ဝင်(၅)ဦးတို့က လှူဒါန်းခဲ့ရာ ထိန်တောနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုင်းလား အထူးဒေသ (၄) ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်း တရုတ် နိုင်ငံတွင် ကင်ဆာဖြင့်သေဆုံး၊ နာရေးကို မိုင်းလားတွင် ပြုလုပ်မည်ဟု သိရ
Next post လားရှိုးဆေးရုံကိုဝင်စီးပြီး လူအစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ MNDAA အဖွဲ့ရဲ့ လုပ်ရပ်ကို ဟာသပညာရှင်တွေ ရှုတ်ချ၊