ရန်ကုန် – နေပြည်တော် ခရီးစဉ်အတွက် ပထမဆုံး EV Express စတင်ပြေးဆွဲ

မန္တလာမင်း ယာဉ်လိုင်းမှ ရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် ပထမဆုံး EV Express ကို စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရသည်။

အဆိုပါ EV Express ယာဉ်ဖြင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကိုသာ ကနဦး ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်မှ နံနက် (၇) နာရီခွဲအချိန်စတင်ထွက်ခွာမည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက်လက်မှတ်ခနှုန်းထားမှာ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအပါအဝင် BOTစနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများအခြား ပြည်ထောင်စုလမ်း နှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်းတံတားအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတားအသုံးပြုခကို ၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီး အသုံးပြုခကောက်ခံခြင်းမပြုထားကြောင်း သိရသည်။

ယင်းအပြင် အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်း ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၁-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိ နေအိမ် ဖျက်ဆီးခံရ