ရည်းစားဟောင်းအကြောင်းကို သီချင်းရေးနိုင်လို့ မြန်မာနိုင်ငံရဲ့တေလာဆွစ်အဖြစ် ဂုဏ်ယူနေတဲ့ ပိုပို

ကမ္ဘာကျော်အဆိုတော်တေလာဆွစ်က သီချင်းတွေကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖန်တီးနေသူတစ်ဦးပါ။ တေလာဆွစ်က သီချင်းရေးကောင်းတာကြောင့် ရည်းစားဟောင်းတွေအကြောင်းကို သီချင်းထဲမှာ ထည့်သွင်းပြီးတော့ ရေးသားတတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆိုတော်ပိုပိုက သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုနေသူဖြစ်ပြီး ရည်းစားဟောင်းအကြောင်းကို သီချင်းထဲ ထည့်ရေးနိုင်လို့ မြန်မာတေလာဆွစ်အဖြစ် ဂုဏ်ယူနေသူပါ။

ပိုပိုက လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်တုန်းက အဆိုတော် စိုးကြီးနဲ့ ချစ်သူရည်းစားတွေ ဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းမှာ ဓာတ်ပုံ အတူတူ ရိုက်ရင်း ချစ်သူတွေ ဖြစ်သွားခဲ့ကြပြီး သီချင်းတွေတောင် အတူတူ ထုတ်ခဲ့ကြပါတယ်။ ပိုပိုက စိုးကြီးနဲ့အရမ်းလိုက်ဖက်ခဲ့ပြီး သူတို့နှစ်ယောက်လမ်းခွဲသွားချိန်မှာ ပရိသတ်တွေက ပိုပိုဘက်ကနေ ရန်ဖြစ်ပေးခဲ့ကြပါတယ်။ အခုတော့ ပရိသတ်တွေ ခင်မို့မို့အေး ဖြစ်အောင်လို့ ပိုပိုက လုပ်လိုက်ပါတယ်။

ပိုပိုက ငါနဲ့ ငါ့ရည်းစားဟောင်းများခွေထဲမှာ စိုးကြီးကို သီချင်းထဲ သရုပ်ဆောင်ပေးဖို့အတွက် ကမ်းလှမ်းထားပါတယ်။ သီချင်းအတွက် ဓာတ်ပုံတွေ ရိုက်တော့လည်း စိုးကြီးနဲ့အတူတူ ရိုက်ခဲ့ပါတယ်။ ဒီခွေထဲမှာ လူကြမ်းမင်းသားဦးမျိုးကြည်နဲ့ အတူသရုပ်ဆောင်ထားတဲ့ “မဆိုင်တော့မှန်းသိတယ်ဆိုပေမဲ့” သီချင်းကလည်း စိုးကြီးကို ရည်ရွယ်ပြီး ရေးသားထားတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းခွေအသစ်အတွက်‌ ခေါင်းစဉ်ကိုလည်း ထိမိနေအောင်ပေးထားပြီး ရည်းစားဟောင်းအတွက် ရေးထားတဲ့သီချင်းကို ရည်းစားဟောင်းနဲ့အတူ သရုပ်ဆောင်မှာဖြစ်တဲ့ပိုပိုကိုတော့ အားလုံးက အံ့ဩနေကြပါတယ်။

ပိုပိုနဲ့ စိုးကြီးက လိုက်ဖက်ခဲ့တဲ့ ချစ်သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ကို ပြန်ပြီးတော့ တွဲစေချင် ကြပါတယ်။ ဒါပေမယ့်လည်း ပိုပိုကတော့ စိုးကြီးနဲ့ပြန်မတွဲတော့ဘူးလို့ ဆိုပါတယ်။ စိုးကြီးမှာလည်း ချစ်သူကောင်မလေး ရှိနေပြီဖြစ်ပြီး လက်ရှိမှာတော့ သူတို့နှစ်ယောက်က မိတ်ဆွေတွေလို ခင်မင်ရုံလောက်သာ ရှိပါတော့တယ်။

ပိုပိုက စိုးကြီးနဲ့ လမ်းခွဲကာစအချိန်တုန်းကတော့ မကြည့်ချင်လောက်အောင် မုန်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ခံစားချက် တွေလည်း ငြိမ်သက်သွားခဲ့ပြီး ချစ်ခြင်းမုန်းခြင်းတွေလည်းမရှိတော့ပါဘူး။ မိတ်ဆွေတွေအဖြစ် ပြန်လည် အဆင်ပြေသွားပြီ ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးကြပါတယ်။

ရည်းစားဟောင်းနဲ့အတူ ဓာတ်ပုံရိုက်ပြီး သီချင်းထဲမှာ သရုပ်ဆောင်ခိုင်းတဲ့အထိ အစွမ်းရှိတဲ့ပိုပိုကိုတော့ မိန်းကလေးပရိသတ် တွေက ချီးကျူးနေကြပါတယ်။ ပိုပိုက ရည်းစားဟောင်းတွေနဲ့လည်း အဆင်ပြေနေပြီး ရည်းစားဟောင်းတိုင်းကိုလည်း တကယ်ချစ်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချိန်က ချစ်သူတွေအကြောင်းကို သီချင်းလုပ်ပြီးရေးနိုင်တာကြောင့် သူ့ကို မြန်မာတေလာဆွစ်အဖြစ် တင်စားနေကြတာပါ။ အချို့ကလည်း သူ့ရဲ့သီချင်းခွေကို လူအများစိတ်ဝင်စားအောင်လို့ ရည်းစားဟောင်းနဲ့အတူသရုပ်ဆောင်တယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ ပိုပိုကတော့ အဲဒီအတွက် ဘာမှ မတုံ့ပြန်ထားဘဲ စိုးကြီးကို အနုပညာအလုပ်တွေ ပြန်လုပ်စေချင်တာကြောင့် တွဲခေါ်ပေးတာဖြစ်ပါတယ်။

ပရိသတ်ကြီးရော ပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ သူငယ်ချင်းတွေ ဆက်ဖြစ်နိုင်သေးလား၊ ရည်းစားဟောင်းနဲ့ မိတ်ဆွေလို ဆက်ဆံရေးရှိပြီး သီချင်းထဲမှာ အတူတူသရုပ်ဆောင်တဲ့ပိုပိုအပေါ် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့အရေးနှင့်ပတ်သက်သော အာဆီယံ သဘောတူညီချက် (၅)ချက်ကို ပြန်လည်သုံးသပ်ရမည်ဟု အာဆီယံ ပြော၊
Next post MNDAA က တိုက်ပွဲအတွင်း အကျဥ်းသားတွေ ကယ်ထုတ်တယ်ခေါင်းစဥ်နဲ့ ပျောက်ဆုံးနေတဲ့သူများ