မြန်မာ့အရေးနှင့်ပတ်သက်သော အာဆီယံ သဘောတူညီချက် (၅)ချက်ကို ပြန်လည်သုံးသပ်ရမည်ဟု အာဆီယံ ပြော၊

မြန်မာနိူင်ငံအပေါ်ချမှတ်ထားတဲ့ဘုံသဘောတူညီချက်(၅)ချက်ကိုပိုမိုကောင်းမွန်လာစေရန်ပြန်လည်သုံးသပ်သွားမယ်လို့ လာအိုနိူင်ငံဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့အာဆီယံနိူင်ငံခြားရေးဝန်ကြီးများရဲ့တံခါးပိတ်အစည်းအဝးအပြီးထုတ်ပြန်တဲ့ပူးတွဲထုတ်ပြန်ချက်အရသိရပါသည်။

ဒီတံခါးပိတ်အစည်းအဝေးကို ဇူလိုင်လ(၂၇)ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးထုတ်ပြန်ချက်မှာတော့ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်စေဖို့ အာဆီယံသဘောတူညီချက်(၅)ချက်ကို အဓိက ရည်ညွှန်းကိုးကားစရာအဖြစ် ဆက်လက် ထားရှိဖို့ အားလုံးသဘောတူညီခဲ့တယ်။ ဒါပေမယ့် အာဆီယံသဘောတူညီချက်(၅)ချက်ပါအချက်တွေ ပိုမိုကောင်းမွန်အောင် ပြန်လည်သုံးသပ်ပြီး အောက်တိုဘာမှာကျင်းပမယ့် ၄၄ ကြိမ်မြောက်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကို အကြံပေးသွားမယ်” ဟု ဖော်ပြထားသလိုမြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားပြီးအကြမ်းဖက်တိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်တန့်ရန် တိုက်တွန်းတောင်းဆိုထား ကြောင်း သိရသည်။

ထို့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကိုလည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ချက်များကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် အောက်တိုဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ထပ်မံ ကျင်းပသွားမည် ဖြစ်ကြောင်း မလေးရှားနိူင်ငံထုတ် (THE BERNAMA ) သတင်းစာမှာဖေါ်ပြထားချက်အရသိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ရည်းစားဟောင်းအကြောင်းကို သီချင်းရေးနိုင်လို့ မြန်မာနိုင်ငံရဲ့တေလာဆွစ်အဖြစ် ဂုဏ်ယူနေတဲ့ ပိုပို