(၂၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အီရန်နိုင်ငံသမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ယနေ့တွင် အီရန်နိုင်ငံသို ထွက်ခွာ

၂။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ယူနန်သိုသွားရောက်ခဲ့ကြသည့် နိုင်ငံရေးအစုအဖွဲ ဦးဆောင်ပါတီ ခေါင်းဆောင်များ ပြန်လည်ရောက်ရှိ

၃။ ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတိုမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများကို ဗိုလ်ချုပ်ကြီး မိုးအောင် လက်ခံတွေ့ဆုံ

၄။ စင်္ကာပူတွင်ကျင်းပနေသည့် VECONAC သို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း တက်ရောက်

၅။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲက မြဝတီ ရေဘေးရှောင်စခန်း(၂)ခုအတွက် ထောက်ပံ့လှူဒါန်း

၆။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ဖို မြန်မာကို အာဆီယံ တိုက်တွန်း

၇။ လားရှိးမြိုအတွင်းသို နှစ်ဘက်အဖွဲအစည်းများ၏ သဘောတူညီချက်ဖြင့်ဝင်ရောက်ခြင်းဖြစ်၊နှစ်ဖက်လုံးကိုစွက်ဖက်တာ၊ ပူးပေါင်းတာနဲ့ ပံ့ပိုးပေးတာတွေ မလုပ်ဟု UWSA တာဝန်ရှိသူပြောကြား

၈။ ဇူလိုင်လ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၉၂,၂၆၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၃၀ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၆၅ ကျပ်၊ Premium Diesel – ၂၇၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဖမ်းဆီးထားသော ခေါင်းဆောင်များကို ပြန်မလွှတ်ပေးလျှင် ဆန္ဒပြမှုများ ပြန်လည်ပြုလုပ်မည်ဟု ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ ပြောကြား

၂။ မလေးရှားမှာ ဆိုရှယ်မီဒီယာတွေနဲ့ စာတိုပို ပလက်ဖောင်းတွေ လိုင်စင်လျှောက်ရမည်

၃။ ထိုင်းဘုရင်က၄င်း၏မွေးနေ့တွင်ရာထူးကြီးများ ယူထားရသူအားလုံးကို တိုင်းပြည် ကြီးပွားတိုးတက်ရေး ရည်မှန်းချက်ဖြင့် တာဝန် ထမ်းဆောင်ကြရန်တိုက်တွန်း

၄။ စစ်အေးခတ်ပုံစံ ဒုံးကျည်အကျပ်အတည်းအခင်းအကျင်းနဲ့ ပတ်သက်ပြီး အမေရိကန်ကို ပူတင် သတိပေး

၅။ အစ္စရေးထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ ရော့ကဒ်ဒုံးကျည်ကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ၁၂ ဦး သေဆုံး

၆။ ထိုင်ဝမ်အရေး၊ ရုရှားအတွက်တရုတ်ရဲ့ထောက်ခံမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးတို တွေ့ဆုံဆွေးနွေး

အားကစားသတင်းများ

၁။ အရှေ့အာရှလူငယ် စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်သည့် မင်းအမရာဝတီ တတိယဆုရရှိ

၂။ ယူနိုက်တက်နဲ့ပွဲအပြီး အာဆင်နယ်ကစားသမားတွေနဲ့အတူ တွေ့ရတဲ့ ဂျက်စတင်ဘီဘာ

၃။ ဖွင့်ပွဲ၌ ဆိုးလ်နှင့် ပြုံယမ်းကို မှားယွင်းမိတ်ဆက်ပေးမှုအတွက် အိုလံပစ်အဖွဲအစည်းတောင်းပန်

၄။ ပဲရစ်အိုလံပစ်သို ဇင်ဘာဘွေနိုင်ငံဟာ ကစားသမား ၇ ယောက်စေလွှတ်ခဲ့ရာမှာ အုပ်ချုပ်သူ ၆၇ယောက်အထိ ပါဝင်လာခဲ့

၅။ 13 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိစံချိန်ကို ရပ်တန့်ပစ်လိုက်တဲ့ ဘလာ မူဟာမက်

အနုပညာသတင်းများ

၁။ Suspense Drama ဇာတ်လမ်းပုံစံ “ မယ်ချို ” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်

၂။ မာမာအေးက ဂီတမောင်နှမတွေ အားလုံးကို လက်တွဲခေါ်ချင်တဲ့ ဆန္ဒရှိခဲ့တဲ့သူပါဆိုတဲ့ တင်တင်မြ

၃။ တစ်ခါလောက်တော့ ဗီလိန်လုပ်ကြည့်ချင်တယ်ဆိုတဲ့ ပြုံးမြသွယ်”

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Congratulations Lover ရဲ့ တစ်မူထူးခြား စိတ်လှုပ်ရှား စရာ‌ကောင်းတဲ့ Bridal Showcase 2024 ပထမနေ့
Next post မြန်မာ့အရေးနှင့်ပတ်သက်သော အာဆီယံ သဘောတူညီချက် (၅)ချက်ကို ပြန်လည်သုံးသပ်ရမည်ဟု အာဆီယံ ပြော၊